Part 2

582 37 0
                                    

ကျွန်တော့်နာမည် ' မိုးကမ္ဘာမြေ' ၊ ရင်းနှီးတဲ့လူတစ်ချို့ ခေါ်ကြတဲ့ nickname ကတော့ Chilli တဲ့ ။ ကျွန်တော့်မှာ ဖေဖေနဲ့မေမေတော့ မရှိတော့ဘူး။ ကိုကိုတစ်ယောက်ဘဲရှိတယ်။ ကိုကိုက ကျွန်တော့်ဘဝရဲ့ တစ်ဦးတည်းသော အရင်းနှီးဆုံးလူတစ်ယောက်ဘဲ။
ကျွန်တော် ငယ်ငယ်ကတည်းက ကိုကိုက စောင့်ရှောက်လာရတာပါ။ မိဘတွေဆုံးတော့ ကျွန်တော်က ၆ နှစ်သာ ကလေးလေးတစ်ယောက်ဘဲ ရှိသေးတော့ ကိုကိုကဘဲ အဲ့အချိန်ကတည်းက တာဝန်မျိုးစုံကို တစ်ယောက်တည်း ခါးစီးရင်ဆိုင်ခဲ့ရတာ။ Chilli လေးက လိမ္မာချင်ပါတယ် သိတယ်မလား ။ ဒါပေမဲ့ ကိုကိုက ရန်လေးဖြစ်တာကို Chilli လေးကို အိမ်ထဲမှာပိတ်ထားတော့ ခိုးမထွက်ချင်လည်း ခိုးထွက်ရတာပေါ့လို့စ်။ ...

ခုတော့ အပြင်ခိုးထွက်ပြီး ကောဖီလာသောက်တာပါ ဟဲဟဲ။
ဆိုင်လေးနာမည်က ' Heart Catcher ' ။
Chilli ဒီဆိုင်လေးကို သိပ်သဘောကျတာရယ်။ အထူးသဖြင့် ဒီနေရာလေးမှာထိုင်ပြီး တစ်စုံတစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်မြင်နေရတာမျိုးပေါ့။ ဟုတ် ခင်ဗျားတို့တွေးနေသလိုပါဘဲ ။
Chilli က Gay တစ်ယောက်ပါ။ Chilli တို့ကတော့ ကိုယ်လိင်စိတ်တိမ်းညွန့်မှုက ဘယ်လိုဆိုတာ သိကတည်းက ဘယ်မိန်းကလေးမှလည်းမတွဲခဲ့သလို ၊ ဘယ်ယောကျာ်းလေးနဲ့မှလည်း မရှုတ်ခဲ့ဘူး။ ဒါပေမဲ့ Chilli တို့ သူငယ်ချင်းတစ်စုက အလိုလိုက်ခံရတဲ့ မိသားစုက ဆင်းသက်လာတဲ့ သူတွေမလို့ မဟုတ်မခံ၊ ရန်တော့ မတရားဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုကိုက အမြဲတမ်း အိမ်ထဲကအိမ်ပြင်မထွက်ရဘူးလို့ အပြစ်ပေးတာ။ ခုတော့ အတွေးလေးကိုရပ်ပြီး .... ။

" ဒီက ညီလေး ဘာသောက်မလဲ မသိဘူး "
" အာ ဟုတ် ကျွန်တော့်ကို Green Tea လေးတစ်ခွက်နဲ့ ၊ cheese cake လေးတစ်ပိုင်းလောက် ချပေးပါလား "
" ဟုတ်ကဲ့ပါဗျ ၊ ခဏလေးစောင့်ပါ "
" ဟုတ်ကဲ့ " ။

စောင့်နေရင်းနဲ့မှ ထိုလူသားရဲ့ အစိတ်အပိုင်းတစ်ခုဆီကို သေချာလိုက်ကြည့်မိတော့တယ်။
ဇင်ယော်လို မျက်ခုံးလေးတွေရယ်၊ ဖြူဥဥလက်ကလေးရယ်၊ မြင်တဲ့သူတိုင်းကို အေးချမ်းစေတဲ့ ကြည်လင်နေတဲ့ မျက်နှာလေးရယ်။ ဒီလူသားဟာ ပြည့်စုံ‌လိုက်ပုံများ။

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now