တောင်တွေကာရံထားတဲ့ အင်းလေးရေပြင်ကျယ်ကြီးကို ငေးကြည့်ရင်း တိမ်ရဲ့ စိတ်အစုံဟာ ငြိမ်းချမ်းကြည်လင်လာရသည်။
အင်းလေးကိုရောက်တာ ညနေစောင်းအချိန်ဖြစ်နေတာကြောင့် ဘုရားဖူးဖို့ကို မနက်ဖြန်မှသွားမှာဖြစ်သည်။
ဒီကိုရောက်ကတည်းက တည်းဖို့ hotel ဝင်ပြီးအခန်းယူကာ ပေါက်စီလုံးလေးကလည်း တစ်ယောက်ခန်းယူထားတဲ့ ဖိုးချစ်ဆီကိုဘဲ သွားနေမည်ဆိုတာကြောင့် ဟိုကလည်း နှစ်ခါပင်မပြောလိုက်ရ ခေါ်သွားပြီဖြစ်သည်။
တိမ်နဲ့ဦးက family room ယူကာ ပေါက်စီလုံးလေးနဲ့ နေမယ်ဟုလုပ်ထားသော်လည်း သူက သူ့ချစ်ချစ်ဆီသွားနေတော့ နှစ်ယောက်ခန်းယူကာနေလိုက်သည်။
နှောက်ကျိနေရတဲ့စိတ်အစုံကတော့ ကြည်လင်ခါစပြုလာပြီဖြစ်သည်။
အကြောင်းကတော့ ......Fb Start ><
အင်းလေးကိုရောက်တော့ ....
" ငယ် ကိုယ်တို့ ရောက်ပြီ ထတော့လေ "
" အွန်း ရောက်ပြီလားဦး အခု ဘယ်အချိန်ရှိနေပြီလဲ "
" အခုက ၃:၃၀ လောက်တော့ရှိပြီငယ်ရဲ့ "
" ဟီး ငယ်တို့ဟိုဝင်ဒီဝင် များသွားတော့ ညနေစောင်းတောင်ရောက်သွားပြီ ဟဲ "
" ဒါဆို ကိုယ်တို့နားဖို့ Hotel အရင်ဝင်မလားငယ် ၊ မနက်ဖြန်မှ ဖောင်တော်ဦးဘုရားကို အေးဆေးဖူးကြတာပေါ့ "
" ဟုတ် ဦး ၊ အဲ့တာကောင်းတယ် "
" ဒါဆို ငယ် ကိုယ်တို့ ရေပေါ် hotel တွေထဲက တစ်ခုကိုဘဲ သွားကြမလား ၊ သူက မြေပေါ်က hotel တွေလည်းရှိတယ် "
" ဦးက သိလှချည်လားဗျာ ၊ ငယ်တောင် သိပ်မသိဘူးရယ် "
" ကိုယ်လည်း ရှာဖွေထားလို့ပါ ငယ်ရဲ့ "
" ရေပေါ်ဘဲ သွားရအောင်လေ ဦး ၊ ဘွားတို့နဲ့ တောင်ကြီးကိုအလည်လာတိုင်း အင်းလေးရောက်ဖူးပေမဲ့ နေ့ချင်းပြန်ဆိုတော့ hotel တွေမှာမတည်းဖူးဘူးရယ် "
" ဟုတ်ပါပြီဗျာ ၊ ဒါဆိုကိုယ်တို့သွားရအောင် "
" ပေါက်စီလုံးလေးကော ဟင် ၊ဦး "
YOU ARE READING
ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]
Romance၅၂၈ အချစ်ဘဲဖြစ်ဖြစ်၊ ၁၅၀၀ အချစ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟူသည်....🤍 Starting Date - 10.12.2021 Ending Date - 20.2.2022