Part 12

212 29 0
                                    

ဒီနေ့က မောင့်ရဲ့ ၃၁ နှစ်ပြည့်မွေးနေ့ ။

ဒါကြောင့် ဒီနေ့ မောင်နဲ့အတူတူ ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာမှာ သွားလှူကြမယ်ဆိုပြီး မောင်က တာယာ့ကို ပြောထားခြင်းဖြစ်သည်။

ပြီးတော့ ကျွန်တော်က ဒီနေ့မောင်မသိအောင် စီစဉ်ထားတဲ့  surprise တစ်ခုလည်း ရှိသေးတယ်။

ဘာလဲ ဆိုတာတော့ ခင်ဗျားတို့လည်း အတူတူ စိတ်လှုပ်ရှားပြီး ရင်ခုန်ပေးကြပါဦး ဟီး။

ပြောရင်းဆိုရင်း အသက်ရှည်ဦးမယ် မောင်တစ်ယောက်တော့ ။

" ဟယ်လို "
" ဟယ်လို ကလေးလေး ၊ ပြီးပြီလား ၊မောင်ရောက်တော့မယ်နော် "

" ဟုတ် ၊ ပြီးပြီ ၊ ကျွန်တော် အောက်မှာစောင့်နေလိုက်မယ် "
" ဟုတ်ပြီ ၊ မောင့်ကလေးလေး "

" ခင်ဗျားကတော့ .... "
" ဘာလဲ ၊ ကလေးလေးရဲ့ ရှက်သွားလို့လား "

" ဘာ .... ဘာလို့ ကျွန်တော်က ရှက်ရမှာလဲ "
" ဟက် ၊ ဟုတ်ပါပြီ ဗျာ "

" ကားကို ဖြေးဖြေးမောင်း "
" စိတ်ပူတယ်ပေါ့ မောင့်ကလေးလေးက "

" ဖုန်းချလိုက်ပြီ ... "

တီ.... တီ .... ။

" ဟားဟား ချစ်စရာလေးကွာ "
" အဟမ်း ၊ ကိုကိုရေ ဒီမှာ Chilli တစ်ယောက်လုံးပါသေးတယ်နော့ "

" မေ့နေမှာစိုးလို့ ၊ ဘယ်နှယ့် လူတစ်ယောက်လုံးကိုတောင် သတိမရတော့ဘူး ဟွန့် ၊ ပြောကိုမပြောချင်ဘူး "

" ကုလားမနိုင်ရခိုင်လာမဲ မနေစမ်းပါနဲ့ Chilli ရာ ၊ မင်းတောင် ကိုကို့လို ဖုန်းပြောချင်ပေမဲ့ မပြောရဘူးမလား "
" သနားလိုက်တာ ၊ကျွတ် ကျွတ် "

" ရား ၊ လုပ်ထားပေါ့ ကိုကိုရာ "
" ဘာဖြစ်လဲ။ ကိုယ့်ကားကို မစီးဘဲ သူများကားနား လိုက်စီးချင်ပြီးတော့များ "

" Chilli ကားက energy break out ဖြစ်နေလို့ပေါ့ ကိုကိုရာ "
" အော် ၊ ကားက အဲ့တစ်စီးဘဲ ရှိတာဆိုတော့လေ  မိုးကမ္ဘာမြေ "

" ကိုကိုကလည်း မငြိုငြင်ပါနဲ့ ၊ ဒီညီလေးတစ်ယောက်တည်းရှိတာကို "
" ဟွန့် ၊ ငါသိနေတယ်နော် ဟင်းဟင်း "

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now