ကားပေါ်မှာ အပေးအယူမျှနေတဲ့ နှစ်ယောက်ကို တစ်လမ်းလုံး နဂါးမျက်စောင်းနဲ့ ကြည့်ပြီး မောင်းလာတာ ' ရင်ခွင်သစ် ' ဘိုးဘွားရိပ်သာလေးကိုတောင် ရောက်လာပါလေရော။
" ကဲ ရောက်ပါပြီ ခင်ဗျ့ ၊ သခင်လေးနှစ်ယောက် ၊ ကြွတော်မူပါခင်ဗျ့ "
" ကောင်းပါပြီကွယ် .... ၊ ဟားဟား ၊ ကိုကိုရာ မျက်နှာကြီးကလည်း ခွီး "" မိုးကမ္ဘာမြေ .... "
" အာ ၊ ok မစတော့ဘူး ဟီး... "သူတို့ ညီအစ်ကိုနှစ်ယောက်ကို ပြုံးပြီးကြည့်နေတဲ့ ကိုကို Angle ကို ....
" ကိုကို Angle ၊ ရောက်ပြီတဲ့ Chilli တို့ဆင်းရအောင် "
" ဟုတ်ပြီ "အဲ့လိုနဲ့ ကျွန်တော်တို့ သုံးယောက်လည်း ကားကို အရိပ်အောက်မှာ ရပ်ပြီးတော့ မောင်ကတော့ ရိပ်သာက လူကြီးတွေနဲ့ စကားသွားပြောနေပြီး...
ကျွန်တော်နဲ့ Chilli ကတော့ ဦးမာနထွဋ်ခေါင်တို့ကို သစ်ပင်ရိပ်အောက်မှာ ထိုင်စောင့်နေလိုက်တယ်။
" ကိုကို Angle , ကိုကိုက လေ တစ်ကယ်တော့ အရမ်းသနားစရာကောင်းတာ သိလား "
" ပါးပါးနဲ့ မားမားက chilli အသက် ၆ နှစ်လောက်က တည်းက ဆုံးသွားကြတာ "" အဲ့အချိန်ကတည်းက ၁၈ နှစ်အရွယ်ကောင်လေးသာသာ ရှိသေးတဲ့ ကိုကိုကလေ "
" အသက်အရွယ်နှင့်မလိုက်အောင် ဖိအားတွေ အရမ်းများခဲ့တာ "" Company ရဲ့ လုပ်ငန်းတွေကို သင်ယူရတာကတစ်ဖက်၊ Chilli ကို စောငိ့ရှောက်ရတာကတစ်ဖက်နဲ့ အရမ်းကို ပင်ပန်းခဲ့တာ .. "
" ကိုကိုကလေ သူအရမ်းဖြစ်ချင်တဲ့ သူ့ရဲ့ အိမ်မက်ကိုတောင် စွန့်လွှတ်ခဲ့ရတာ ကိုကို Angle "" အင်း ကိုကို သိပါတယ် ၊ မောင်က ကမ္ဘာကျော်တဲ့ pianist တစ်ယောက် ဖြစ်ချင်ခဲ့တာလေ "
" ဟုတ်တယ်မလား Chilli လေး "" ကိုကို Angle က ဘယ်လိုလုပ်ပြီး ... "
" ကဲပါ ကိုကို ဘယ်လိုလုပ်ပြီး သိတာက အရေးကြီးတာ မဟုတ်ပါဘူး ... "" ဟုတ်တယ် ကိုကို့အိမ်မက်က ကမ္ဘာကျော်တဲ့ pianist တစ်ယောက်ဖြစ်ဖို့ဘဲ ကိုကို Angle "
" ဒါပေမဲ့လေ ကိုကိုက Chilli ကြောင့်လေ အင့် သူ့အိမ်မက်တွေကို စွန့်လွှတ်ခဲ့ရတာ .... "

DU LIEST GERADE
ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]
Romantik၅၂၈ အချစ်ဘဲဖြစ်ဖြစ်၊ ၁၅၀၀ အချစ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟူသည်....🤍 Starting Date - 10.12.2021 Ending Date - 20.2.2022