" ကလေးလေးရေ ၊ မောင့်ကလေးလေးရေ တံခါးလေးတော့ ဖွင့်ပေးပါဦးဗျာ "
" ................. "" ကလေး မောင့်စိတ်မဆိုးပါနဲကွာ ၊ မောင်က တမင်အော်တာ မဟုတ်ပါဘူး "
" ............. "" မောင့်ကို စိတ်မဆိုးပါနဲ့တော့နော် မောင့်ကလေးလေးရေ ၊ စိတ်ဆိုးရင်လည်း အစားလေးဖြစ်ဖြစ် စားထားမှပေါ့ ၊မောင့် အချစ်ရယ် "
" တစ်ခုခုဖြစ်သွားရင် မောင်တော့ ရင်ကျိုးရချည်ရဲ့ ဗျာ ... "
" မောင့်ကလေးလေး ရေ ၊ အချစ်လေးရေ ၊ နှလုံးသားလေးရေ "ဂျောက် ။
" ကလေးလေး ၊ ဘာဖြစ်လို့လဲဟင် ၊ ဘာလို့ ငိုနေရတာလဲ "
" မောင့်ကို စိတ်ဆိုးနေသေးလို့လား ၊ ဟုတ်လား ၊ ကလေးလေး စိတ်ကျေနပ်တဲ့အထိ မောင့်ကို ရိုက်မလား "
" ဒါမှမဟုတ် မောင့်ကို .... "စကားကို ဆုံးအောင်တောင်မပြောလိုက်ရဘဲ ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကလေးငယ်။
" အင့် ၊ မောင် "
" အင့် ကျွန်တော်က အရမ်းဆိုးသွားလားဟင် ၊ အင့် မောင်က စိတ်ပျက်သွားလားဟင် အင့် "" ကျွန်တော်က ရွှတ် ၊ မောင့်ကို စိတ်ဆိုးလို့ မဟုတ်ပါဘူး "
" မောင်က အော်လိုက်တော့ ဝမ်းနည်းသွားတာ ၊ နှလုံးသားလေးက နာကျင်သွားတာလို့ အင့် ၊ အီးဟီး ... "
တအင့်အင့် နဲ့ ရင်ခွင်ထဲက ကလေးငယ်က စကားကို တောင် အားယူပြီးမနည်းပြောနေရဟန်။
မောင့်ကလေးလေးက အရမ်းဝမ်းနေတာဘဲ၊ မောင်က မအော်လိုက်သင့်ဘူး။" ဟုတ်ပါပြီ မောင့်ကလေးလေးရယ်၊ မငိုပါနဲ့တော့ကွာ ၊ မောင်ရင်နာလို့ပါ "
" မောင်က မကောင်းတာပါ ၊ မောင့်ကလေးလေးကို မအော်လိုက်သင့်ဘူးနော် "
" တိတ်ပါကွာ ၊ မငိုပါနဲ့တော့နော် ၊ ကလေးလေးက လိမ္မာပါတယ်နော် "
" ဗိုက်ဆာနေလားဟင် မောင့်ကလေးလေး "
လို့မေးတော့ ရင်ခွင်ထဲကနေ ခေါင်းညိတ်ပြလာတဲ့ ကလေးပေါက်စ။
" ဒါဆို မောင်တို့ ကြေးအိုး သွားသောက်ကြမလား ဟင် ၊ မောင့်ကလေးလေး "
" Pizza သွားစားမှာ ... "
YOU ARE READING
ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]
Romance၅၂၈ အချစ်ဘဲဖြစ်ဖြစ်၊ ၁၅၀၀ အချစ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟူသည်....🤍 Starting Date - 10.12.2021 Ending Date - 20.2.2022