Part 4

372 33 0
                                    

" Chilli ..... "
" ဂျာ ... "
" ကလေးလေးလိုလို၊ခွေးလိုလို လာလုပ်မနေနဲ့နော် Chilli ၊ ကိုကို တကယ်စိတ်တိုနေတာ "
" ကိုကိုကလည်း ၊ Chilli က ဘယ်မှသွားတာမဟုတ်ပါဘူး ၊ coffee ဆိုင်လေးဘဲ သွားတာပါလို့ ၊ နော် ကိုကို "
" ကဲ ထားလိုက်တော့ ဒီတစ်ခါတော့ ၊ ကိုကို နားတော့မယ်  "
" ဟီး ၊ အာ့‌တာကြောင့် ကိုကို့ကို ချစ်တာ "
" အာဘွား ၊ ကိုကို "
" ဟုတ်ပါပြီ ၊ချွဲစိန်လေးရာ " ။

" Boss အနားယူလိုက်ပါဦး ၊ company ကိစ္စတွေကို ကျွန်တော် ကြည့်ထားပေးပါ့မယ့် ၊ ကောင်းကောင်းနားလိုက်ပါ "
" ဟုတ်ပါပြီကွာ ၊ မင်းကိုဘဲ အားကိုးရတော့မယ် ၊ မိုးတိမ်ရေ "
" ဟုတ်၊ ကျွန်တော် အဆင်ပြေပါတယ် boss "
" ကောင်းပြီ ၊ ဒါဆို ငါနားလိုက်တော့မယ်၊ မင်းလည်း ပြန်တော့လေ "
" ဟုတ် ၊ ကျွန်တော် ပြန်လိုက်ပါဦးမယ် boss "
" ကောင်းပြီ " ။
မိုးတိမ် ပြန်သွားမှဘဲ ကျွန်တော်လည်း အခန်းထဲဝင်ပြီး အနားယူလိုက်တော့တယ်။ Chilli တို့ကတော့ ဘယ်ကိုလစ်ထွက်သွားပြန်ပြီလဲ မသိဘူး။

ခေါင်းအုံးပေါ် ခေါင်းချလိုက်တယ်ဆိုရင်ဘဲ ‌အတွေးထဲအလိုလိုရောက်လာတာက မနေ့က တွေ့ခဲ့ရတဲ့ star ဆိုတဲ့ ကောင်ငယ်လေးအကြောင်းပါဘဲ ။ ဆေးရုံကနေ မိုးတိမ်လာခေါ်ပြီး အိမ်ကိုပြန်ရောက်ကတည်းက အဲ့ဒီ ကလေးငယ်လေးအကြောင်း ကျွန်တော် တစ်ချိန်လုံးတွေးနေခဲ့တာ။ သူလေးရဲ့ အကြောင်းကတော့ ရှင်းပါတယ် ။ အိပ်ယာဘေးက မိုးတိမ်စုံစမ်းပေးထားတဲ့ သူ့ရဲ့ကိုယ်ရေးမှတ်တမ်းလေးကို ထုတ်ကြည့်မိလိုက်တယ်။

Family Members က ၄ ယောက်ရှိတယ် ။
ဖေဖေ ဦးထွန်းလတိမ်စိုင် ။
မေမေ ဒေါ်ပန်းချီတိမ်လွှာ ။
ဘွားဘွားကြီးက ဒေါ်မိုးမြင့်တိမ်စိုင်။
သူ့နာမည်လေးကတော့ ထွန်းလတာယာ တဲ့။
Law နဲ့ကျောင်းပြီးထားပြီး ' ရင်ခွင်ငယ် ' ဆိုတဲ့ ပန်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။
အဖေက မှုခင်းအရာရှိ၊ အမေက ကျောက်မြတ်ရတနာဆိုင်ပိုင်ရှင်။
အသက်က ' ၂၄ ' ။

" What ငါ့ထက် ၆နှစ်တောင်ငယ်တယ်ပေါ့လေ၊ အဲ့ဒီအကောင်ပေါက်လေးက " ။

" ဟက် ၊ချစ်ဖို့ကောင်းတယ် "
မင်းနဲ့ကိုယ်နဲ့ သေချာပေါက်ပြန်တွေ့ကြမယ် ကိုယ့်ရဲ့ star ။ အဲ့လိုဖြစ်အောင်လည်း
ကိုယ်ဆိုတဲ့ ' လင်းကမ္ဘာမြေ ' က သေချာပေါက်ဖန်တီးမှာမလို့ဘဲ ။ မင်းလေးကတော့ ကိုယ့်ကို စောင့်နေပေါ့။ ......

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now