Part 23

144 25 11
                                    

ဒီနေ့နဲ့ဆို မာနတို့ ရန်ကုန်ပြန်ရောက်တာ တစ်ပတ်လောက်ရှိပြီဖြစ်သည် ။
ပြန်ရောက်သည့်နေ့မှစ၍ ပေါက်စီလုံးလေးက ဂျီကျနေသည်မှာ အခုထိပင် ။ ဘာကြောင့်လဲလို့တော့ မမေးပါနဲ့ အကြောင်းကတော့ ပြန်မဲ့နေ့မှာ မနက်စာ အေးဆေးသွားစားကြပြီး ဟဲဟိုး လေဆိပ်ကို ဆင်းမှာဖြစ်သည်။ ဆိုတော့ လိုက်ပို့ရတဲ့သူကကော ဘယ်သူလဲ ။

ဖိုးချစ်ဘဲပေါ့ ။ ဖိုးချစ်က လေဆိပ်ကို လိုက်ပို့ပြီး  ပြန်မယ်လုပ်တော့ ပေါက်စီလုံးလေးက ...

" အရှစ် ရယ်တွားမို့ယဲ ၊ ညေရဲ့ကြူကြူ ကြန်ရိုက်ခဲ့ရေ  ညော် "
( အချစ် ဘယ်သွားမလို့လဲ ၊ နေနဲ့အတူတူ ပြန်လိုက်ခဲ့လေ  နော် )

" ဟို ကိုကိုက ဟိုနားကဆိုင်လေးမှာ ဘုန်းအတွက် fruit sandwich လေးသွားဝယ်ပေးမလို့ပါ "

" ဟုတ်ရို့ယား အရှစ်က ညိမ်ရေတာမယား "

" ကိုကိုက တကယ်ပြောတာပါကွာ ၊ ပြန်လာခဲ့မယ်နော် "

" ကရိညော် အရှစ် ၊ ညန်ညန်ကျန်ရာရဲ့ ဝုတ်ပြီယား "

" ဟုတ်ပါပြီ ဗျာ "

လို့သာပြောနေပေမဲ့ ဖိုးချစ်ရဲ့ မျက်လုံးလေးတွေကတော့ စကားတွေနဲ့ ဆန့်ကျင်ဖက် ဖြစ်နေလျက်။

" ဒါဆို ကိုကိုသွားတော့မယ်နော် "

" အရှစ် "

" ဟင် .... "

" ပြွတ်စ် " ဆိုပြီး ဖိုးချစ်ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်တဲ့ ဘုန်းနေထွဋ်ခေါင်။

အဖေလုပ်တဲ့ သူ့မှာတော့ အားစေးမိနေသလို ဘာတစ်ခွန်းမှ မပြောနိုင်‌ဘဲ ကြက်သေသေနေသလို ဖြစ်နေသည်။ ဒီ ၃ နှစ်သားလောက်ရှိသေးတဲ့ ကလေးပေါက်စနက နှုတ်ခမ်းကို နမ်းတတ်လေရဲ့။ အမလေး ငါမူးတယ် ဘုန်းနေထွဋ်ခေါင်ရေ ။

" အရှစ်တို လွမ်းညေမှာမယို့ ညန်ညန်ကျန်ယာရဲ့ညော် "

" အင်း "

ဆိုပြီး လှည့်ထွက်သွားတဲ့ ဖိုးချစ်လေးကလည်း။တကယ်ကို ဝမ်းနည်းနေဟန်။

ဟင်း..... ။
သူသက်ပြင်းသာအသာချလိုက်မိတော့တယ် ၊ ဒီကလေးတွေနဲ့တော့ ခက်ချေရဲ့ ။ အချိန်ခဏလေးကို တွယ်သွားတဲ့ သံယောဇဉ် အမျှင်အတန်းလေးကတော့ ထုထည်ကြီးမားလေရဲ့ ။

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Hikayelerin yaşadığı yer. Şimdi keşfedin