တာယာ ဒီနေ့ အိပ်ယာထနောက်ကျပါတယ်။
မနေ့က ဆိုင်မှာ ပန်းလေးတွေက order များတော့ packing ထုပ်နေရတာနဲ့နောက်ကျသွားရခြင်းပါ။
သူတို့က company ရဲ့ 30 th anniversary
နေ့မလို့ ပန်းတွေကို အလှဆင်ရန် အော်ဒါမှာခြင်းဖြစ်သည်။ပိုင်ရှင်က ဘယ်လိုနေရာမျိုးမှာဘဲ အသုံးပြုပါစေဦးတော့ ကိုယ့်ဆီလာတဲ့ customer က ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ service ညံ့ဖျင်းတယ်လို့ ကိုယ့်ကိုမထင်စေလိုပါ။
ဒါကြောင့် ပန်းတွေကိုသေချာစီစစ်ပြီး packing ကိုလည်း သေချာလေး customer စိတ်မကွက်ရလေအောင် ထုပ်ပိုးနေရခြင်းဖြစ်သည်။
' အလုပ်ဟူသမျှ ဂုဏ်ရှိစွ ' ဟုတာယာလက်ခံထားသည်။ ဘယ်လို အလုပ်မျိုးဘဲ ဖြစ်ပါစေဦးတော့ တစ်ပါးသူနှင့် သူ၏ စီးပွားရေးကို မထိခိုက်စေသရွေ့တော့ အလုပ်တိုင်းက တန်ဖိုးရှိသည်။
ခုတော့ အိပ်ယာမှထ၍ မြန်မြန်ဆန်ဆန်ပြင်ဆင်ပြီး မနက်စာတောင်မစားနိုင်ဘဲ အိမ်မှထွက်လာခဲ့၏။
ဆိုင်ကိုရောက်တော့ ...." ကိုနိုင်လင်း ၊ order တွေက ဘယ်အချိန်လောက်ပို့ရမယ်တဲ့လဲ "
" အင်း ၊ သူတို့ကတော့ dinner ပွဲနဲ့ပေါင်းလုပ်မယ်လို့ပြောတယ် တာယာရဲ့ ၊ ဒါပေမဲ့ ပြင်ဆင်ရဦးမှာနဲ့ ဘာနဲ့ဆိုတော့ ငါတို့ ၁၁ နာရီလောက် ပို့လိုက်မလား "
" ဟုတ်၊ အဆင်ပြေပါတယ် ကိုနိုင်လင်း "
" အေး၊ ဟုတ်ပြီကွာ "" ဒါဆို ၊ ကျွန်တော်တို့ တစ်ချက် error တွေပါနေလား ပြန်စစ်ကြရအောင် ၊ ကိုနိုင်လင်းရေ ၊ ခုဘဲ ၉ နာရီလောက်ရှိပြီဆိုတော့လေ "
" အေး၊ လာပြီ တာယာရေ "" မင်း မနက်စာစားခဲ့ရဲ့လားကွ "
" ဟဲ မစားလာဘူး ကိုနိုင်လင်းရေ ၊ ပြီးမှဘဲ စားလိုက်တော့မယ်ဗျာ "" ထွန်းလတာယာတို့ကတော့ကွာ ထမင်းမေ့၊ ဟင်းမေ့ကို ဖြစ်လို့ပါလားဟေ့ "
" ကိုင်နိုင်လင်း ကလည်းဗျာ "ကျွန်တော်နဲ့ ကိုနိုင်လင်းနဲ့ error တွေစစ် ၊ ထုပ်ပိုးထားတာတွေကို သေချာစစ်ပြီးတော့ အချိန်က ၁၀ ခွဲကျော်ကျော် ၁၁ ထိုးခါနီးလောက်ဖြစ်နေတော့ ကျွန်တော်က
YOU ARE READING
ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]
Romance၅၂၈ အချစ်ဘဲဖြစ်ဖြစ်၊ ၁၅၀၀ အချစ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟူသည်....🤍 Starting Date - 10.12.2021 Ending Date - 20.2.2022