Part 17

152 25 23
                                    

" Daddy ၊ မနက်ဖြန်ဆို ကျွန်တော်တို့ ချစ်သူဖြစ်တာ ရက်ပေါင်း ၃၆၅ ရက်  ပြည့်ပြီနော် "

" ဟုတ်တယ် ၊ Baby "

" ကျေးဇူးအများကြီးတင်တယ်နော် Baby ၊ ကိုယ့် ဘဝထဲကို ဝင်လာပေးတဲ့အတွက်ကော ၊ ကိုယ့်ကို ချစ်ပေးတဲ့အတွက်ကော "

" အင်း အစစအရာရာ အတွက် ကျေးဇူးတင်ပါတယ် ကိုယ့်ရဲ့ Baby "

" Daddy သိလား ၊  ကျွန်တော့်ဘဝမှာ ကံအကောင်းဆုံးလို့ ကိုယ့်ကိုကိုယ် သိခဲ့ရတဲ့အချိန်က Daddy နဲ့ စတွေ့ခဲ့တဲ့ အချိန်ဘဲ "

" ဟွန်း အဲ့တုန်းက ကိုယ့်ပုံစံက တကယ့် ပေတလူးနေတာကို ... "

" အဲ့ဒီ ညစ်ပတ်ပြီးပေတလူးနေတဲ့ Daddy ပုံစံလေးကဘဲ ကျွန်တော့်ရင်ထဲကို တစ်စတစ်စနဲ့ ဝင်ရောက်လာခဲ့တာ "

" အခုတော့ ဘဝတစ်သက်လုံးစာအတွက် ဖြစ်သွားပြီ "

" ဒီဘဝကစ နောင်ဘဝများစွာထိတိုင် နေကောင်းကင် ဆိုတဲ့ Daddy က မိုးကမ္ဘာမြေဆိုတဲ့ ကျွန်တော့် အပိုင်ဘဲ "

" ဟုတ်ပါပြီကွာ ၊ Daddy က အမြဲတမ်းအတွက် Baby အပိုင်လေးပါ "

" Daddy "
" ဟင် "

" ကျွန်တော်နဲ့ချစ်သူတွေဖြစ်နေတယ်ဆိုတာ ၊ Daddy မာမီကို အသိပေးချင်လားဟင် "

လို့မေးလိုက်တော့ အရောင်တစ်ချို့ ဖြတ်ပြေးသွားတဲ့ Daddy ရဲ့ မျက်နှာလေး ။

" Baby က အသိပေးစေချင်လို့လား ဟင် "

" No , ကျွန်တော်က Daddy သဘောအတိုင်းပါ ၊ Daddy ဆန္ဒရှိရင် ဖြစ်သလို ၊ အကယ်၍ Daddy က အသိ‌မပေးချင်ဘူး ဆိုရင်လည်း ၊ ကျွန်တော်က အဆင်ပြေတယ် "

" ဟို ... ၊ ကိုယ်က အသိမပေးချင်တာတော့ မဟုတ်ပါဘူး "

" ကိုယ်က Baby ကို အဆုံးရှုံးမခံနိုင်သလို ၊ ဝေးပြီးလည်း မနေနိုင်ဘူး "

" မာမီ့ကို အသိပေးလိုက်ရင် သေချာပေါက် ကိုယ်တို့ကို သဘောတူမှာ မဟုတ်ဘူး ၊ ကိုယ်က သူ့လောင်းရိပ်အောက်က ရုန်းထွက်ခဲ့တာ အတော်ကြာထိတိုင် အခုထိကို တချို့ကိစ္စတွေမှာ ချုပ်ကိုင်နေတုန်းဘဲ "

" Daddy အကယ်၍ အသိပေးချင်တယ်ဆိုရင် Daddy လုပ်လိုက် ၊ ဘာမှတွေဝေနေစရာမလိုဘူး "

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now