Part 24

127 25 10
                                    

" Daddy "

" အွန်း ကျေရေဘာကျေမယို့ရဲ ... "

" ဖြည်းဖြည်းစားပါ Daddy ရယ် ကျွန်တော် လုမစားပါဘူး "

" ............... "

" Daddy မာမီကို ဆက်သွယ်သေးလား အဲ့နေ့ကစပြီးတော့လေ "

" ဟင့်အင်း ၊ ငါနဲ့ မောင့်ကို ခွဲမှာကြောက်လို့ "

ဆိုပြီး စကားပြောနေရင်း အသံတွေတိမ်ဝင်သွားတဲ့ Daddy ။
ဒီကကောင်က အဲ့လိုအဖြစ်ခံမှာ ကျလို့ဗျာ ။
ကျွန်တော့် Daddy ကတော့တကယ်ပါဘဲ ။

" Daddy ရယ် ၊ မခွဲပါဘူး ဗျာ ၊ ကျွန်တော်က ဘာကောင်မလို့လဲ နော် "

" Daddy မာမီမလုပ်ရဲပါဘူး ၊ ဟုတ်တယ်မလား  ဟင် "

" မင်းနော် .... ၊ သူများမာမီကိုများ "

" ဟားဟား ကျွန်တော်က သဘောပြောတာပါ Daddy ရာ "

" မရယ်နဲ့ ... ဟွန့် "

" ငါ့မှာတော့ မာမီက ငါ့တို့ကို ခွဲသွားမှာကြောက်လို့ စိတ်တွေပူ ပြီး ဒီရက်ပိုင်း ကောင်းကောင်းလည်းမအိပ်နိုင် ၊ မစားနိုင် ၊ မသောက်နိုင် ဖြစ်နေတာကို .... "

" မင်းကတော့ ဟင့် ပျော်နေတာ ... "

" ဟာဗျာ ၊ Daddy ရယ် ဘာလို့ ဒီမျက်လုံးလှလှလေးကို ငိုဖို့အတွက်အသုံးပြုနေရတာလဲ ကွာ "

" ဟင့် မင်းက ငါ့‌ကို ငြိုငြင်ချင်နေတာ "

" ဟော်ဗျာ ... "

" မင်းကတော့ပျော်နေတာ သူများစိတ်ဆင်းရဲပြီး ငိုနေရတာကို အင့် "

" မကောင်းတဲ့ကောင်ကြီး အီးဟီး "

" Daddy ကတော့ဗျာ ... "

" ကဲ မငိုပါနဲ့တော့ဗျာ ၊ ဒီကကောင်ဘဲ မှားတာ ဟုတ်ပြီလား Daddy ကို သေချာဂရုမစိုက်မိဘဲ ဝမ်းနည်းအောင် ပစ်ထားမိတာ "

" နော် ကျွန်တော့်အမှားပါ ၊ ဒါကြောင့် မငိုပါနဲ့တော့ ကျွန်တော့် အချစ်ရယ် "

" အင့် ... "

" Daddy "

" ................ "

" ကျွန်တော် ပြောတာ သေချာနားထောင်နော် ကျွန်တော့် အချစ် "

လို့ ပြောလိုက်တော့ ခေါင်းကိုငြိမ့်ပြလာတဲ့ Daddy က ငိုထားလို့ နှာခေါင်းထိပ်လေး နီနေတာကြောင့် Daddy ပုံစံလေးက တကာ့် ဖျစ်ညစ်ပစ်ချင်စရာကောင်းသည်။

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now