" ဦး ထတော့လေ ... "
" အင်း ငယ် ၊ အစောကြီးရှိသေးတယ်မလား ကိုယ့်အသက်ရဲ့ "
" ဟုတ်တယ် ၊ ဒါပေမဲ့ ရေပေါ်ဈေးလေးကိုအရင်ဝင်ချင်လို့ဦးရဲ့ တော်ကြာ နေမြင့်သွားရင် အရမ်းကြပ်နေမှာ စက်လှေတွေက "
" ကဲ ၊ ကောင်းပါပြီဗျာ ... "
" ငယ် "
" ဟုတ် ဦး "
" ကိုယ်တို့ ရေအတူတူ ချိုးရအောင် "
လို့ပြောလိုက်တော့ မျက်နှာတွေနီရဲသွားသည် အထိ ရှက်သွားပါသော ငယ်။
" မ.... မချိုးပါဘူး ၊ ကိုယ့်ဘာသာကိုယ်ချိုး ငယ်က ချိုးပြီးပြီ "
" ဟာ ၊ နှမြောလိုက်တာကွာ တောက် "
" ဘာကို ခင်ဗျားက နှမြောနေတာလဲ ဦးမာနထွဋ်ခေါင် "
" ကိုယ်က ငယ့်ရဲ့ အလှတရားလေးတွေကို ကြည့်ရှု့ချင်လို့ဟာကို ကွာ .. "
" ခင်ဗျား တကယ့် နှာဗူးဘဲ ဦး "
" ဟားဟား ငယ်ရယ် ကိုယ်က အချစ်နဲ့တွေ့မှပါ "
" သွားပါ ရေသွားချိုးတော့ ၊ ငယ် ဖိုးချစ်လေးတို့ကို သွားခေါ်လိုက်ဦးမယ် ၊ အဝတ်ထုတ်ထားပေးခဲ့မယ် "
" ဟုတ်ပြီဗျာ "
••••••••••
ဒေါက်ဒေါက်.....
" ဖိုးချစ်ရေ ၊ ညီလေး ... "
" ဟုတ် လာပြီ ကိုကြီးတိမ် "
" နိုးနေပြီလား ကိုကြီးညီလေးက "
" ဟုတ်ကဲ့ ကိုကြီး ၊ အခုလေးတင်မှပါ ဘုန်းကတော့ အိပ်တုန်းရယ် "
" ကဲ ဒါဆိုလည်း ပေါက်စီလုံးလေးကို နှိုးပြီး သန့်ရှင်းရေလုပ်ပေးပြီး အဝတ်အစားလဲပေးလိုက်ပါဦး ၊ ကိုကြီးတော့ စောစော ထွက်ရအောင်လို့ "
" ကိုကြီးက ဘယ်ကို အရင်ဝင်မလို့လဲ "
" ဟဲယာရွာမကိုလေ ၊ ရေပေါ်ဈေးသွားချင်လို့ ကိုကြီးက ဦးတောင် ပြင်ဆင်နေပြီ "
" ဖိုးချစ်လေးလည်း ပြင်လိုက်ဦး ၊ ပြီးရင် ကိုကြီးကို ဖုန်းဆက်လိုက် နော် "
YOU ARE READING
ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]
Romance၅၂၈ အချစ်ဘဲဖြစ်ဖြစ်၊ ၁၅၀၀ အချစ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟူသည်....🤍 Starting Date - 10.12.2021 Ending Date - 20.2.2022