𝖯𝖱𝖤𝖲𝖤𝖭𝖳 𝖥𝖮𝖱 1 𝗞 𝖱𝖤𝖠𝖣𝖲 💙

155 21 8
                                    

ပထမဆုံးပြောချင်တာကတော့ 1K ဆိုတဲ့ ပမဏက ကိုယ့်အတွက်တော့ အရမ်းကို များလွန်းပါတယ်ဆိုတာပါဘဲ ။ အများကြီးကျေးဇူးတင်ရပါတယ် ။ ဘာမှမဟုတ်တဲ့ ကိုယ့်လို လူကို ဒီအခြေအနေလေးအထိရောက်လာအောင် ဖန်တီးပေးကြလို့ ။ စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ် ။ ......

ကိုယ်ဖန်တီးခဲ့တဲ့ ဒီမပြည့်မစုံနဲ့ အရာတစ်ခုကို ချစ်ပေးကြတော့ ဝမ်းသာရပါတယ် ။ ကိုယ့်ကလေးတွေကလည်း သူတို့ကို ချစ်ပေးလို့ အများကြီးကျေးဇူးတင်နေမှာပါ။

စကား‌တွေကထပ်နေပါပြီလေ ။ ကျေးဇူးတင်ပါတယ် ... တကယ်ပါ ။ အများကြီးလည်း ချစ်ရပါတယ် ။ ...
နေကောင်းအောင်နေကြပါဦး ။ ချစ်တယ်။💙

လက်ဆောင်မမည်တဲ့ လက်ဆောင်လေးကို သဘောကျမယ်လို့ မျှော်လင့်လျက် ..... 🍀

••••••••••••••••••••••••••••••••••••••••••••••••••

အချိန်ကတော့ ညနေခင်းနေရောင်ခြည်ပျောက်လုဆဲ အချိန်လေးဖြစ်သည်။  ဒါပေမဲ့ အိမ်လေးထဲက အိပ်ခန်းတစ်ခန်းမှာတော့ တစ်ယောက်ကို တစ်ယောက် စိတ်ဆိုးနေကြတဲ့ အချစ်ငှက်ငယ် စုံတွဲကို တွေ့ရမှာဖြစ်ပါတယ် ။

နောက်ဆုံးတော့လည်း မနေနိုင်တဲ့ ဒီကောင်ကဘဲ ပြန်ချော့ရရှာပါတော့တယ် ။

" Daddy ... ၊ ကျွန်တော်တောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့တော့ "

" ............ "

" Daddy ရေ ၊ ကျွန်တော့်အချစ်ရေ ဒီလိုနေ့လေးမှာ စိတ်မကောက်ရဘူးလေဗျာ .. "

ဘေးနားမှာ တစ်တွတ်တွတ်နဲ့ စာကလေးစကားပြောသလို တစ်ဖောက်ဖောက်နဲ့ လာရေရွတ်နေတဲ့သူ့ကို ကောင်းကင် တမင် လျစ်လျှူရှူ့ထားမိတယ် ။ အခုတလေ ဒင်းက အချိုးတွေပြောင်းနေတာ ။ သူ့ကို မနက်ခင်းဆို အနမ်းတွေလည်းမပေးတော့ဘူး ။

ပြီးတော့ ဒီနေ့က အိမ်ထောင်သက်တမ်း ၄ နှစ်ပြည့်တဲ့နေ့ကို မေ့နိုင်တာ ။ ဟင့် ပြောရင်း လူကာ ဝမ်းနည်းလာရသည် ။ သူပြောကာမှ ‌အာ ကျွန်တော်မေ့နေတာတဲ့ ။ surprise တွေဘာတွေ ၊ လက်ဆောင်ပစ္စည်းတွေ ဘာတွေ လိုချင်တာတော့ မဟုတ်ပေမဲ့ ဒီနေ့လေးကိုတော့ အမှတ်ရနေစေချင်တာကို .. ။ အင့် မကောင်းတဲ့ကောင် ။ လူကို စိတ်ဆင်းရဲအောင် လုပ်တယ် ... ။

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Où les histoires vivent. Découvrez maintenant