Part 26

188 26 22
                                    

Chilli ဒီနေ့ အရမ်းစိတ်လှုပ်ရှားပြီး ကြောက်နေမိပါသည်။ ဟုတ်ပါတယ် ဒီနေ့က Daddy ကို သူ  တရားဝင်ပိုင်ဆိုင်ခွင့်ရမည့်နေပါ။ သူကြောက်နေမိတယ် ။ သူ Daddy ကို မတွေ့ရတာ ဘယ်နနာရီ တောင်ရှိနေပြီပါလိမ့် ။

အဲ့တာ ဦးထွဋ်နဲ့ ကိုကိုနဲ့ တမင် အကျင့်ပုတ်တာ ။ မင်းရဲ့ သတို့သားလေးကို ခဏနေ မှ လာပို့ပေးမယ်တဲ့ Chilli ပေါက်စရေ ။
ဆိုပြီး Daddy နဲ့ သူ့ကို တမင်မတွေ့ခိုင်းတာ ။ ဟွန့် အကျင့်ယုတ် ။

သူတို့ Wedding ကျင်းပတဲ့နေရာလေးက ကိုကိုပိုင်တဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာဖြစ်သည်။ သူက ကမ်းခြေနဲ့ နီးပြီးတော့ အဲ့ကျွန်းပေါ်မှာ လှပတဲ့ သက်ရှိအရာများစွာ တည်ရှိသည်။ Daddy နဲ့ သူနဲ့ နေရာတွေတိုင်ပင်ကြတုန်းက Daddy က

" အင်း Baby က ကိုယ့်ကို ကမ်းခြေလေးမှာ လက်ထပ်ခွင့်တောင်းခဲ့တာဆိုတော့ .. "

" လက်ထပ်ပွဲလေးကို လူတွေအများကြီးနဲ့ မလုပ်ချင်ဘူး Baby "

" ကိုယ်တို့ချစ်ခြင်းကို အသိအမှတ်ပြုပေးတဲ့ လူလေးတစ်ချို့နဲ့ဘဲ လုပ်ကြရအောင်နော် "

" ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းမှာ ကိုယ်တို့နှစ်ယောက်ရှိနေတာနဲ့တင် လုံလောက်နေပါပြီ... "

" Daddy "

" အင်း ... "

" ကျွန်တော်တို့ ကမ်းခြေနဲ့နီးတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ နှစ်ယောက်အတူ ဖြစ်တော့မယ့် ရှေ့ဆက်ရမဲ့ အနာဂတ် ဘဝခရီးလေးရဲ့ မှတ်တိုင်တစ်ခုကို တည်ဆောက်ကြရအောင်လား "

" လူတွေ အများကြီးလည်း မလိုအပ်ပါဘူး ၊ ဒီချစ်ခြင်းလေးကို လက်ခံ အသိအမှတ်ပြုပေးတဲ့ လူလေးတစ်ချို့နဲ့ဘဲလေ "

" ကျွန်တော် တကယ် အပေါ်ယံတွေကို မလိုလားဘူး သိလား "

" အင်း မောင့် သဘောအတိုင်းဘဲ ငါတို့ လုပ်ကြရအောင် "

" ငါတို့ကို ချစ်ပေးတဲ့ လူနည်းစုဆို လုံလောက်ပြီမဟုတ်လား ဟင် "

" လုံလောက်တာထက်ကို ပိုနေပါပြီ ကျွန်တော့်အချစ်ရယ် "

" ငါ မောင့်ကို ချစ်တယ်နော် .. "

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now