ဒီနေ့ တာယာနဲ့ မောင်နဲ့ ဘုရားသွားကြမလို့ဖြစ်သည်။
ဒါကြောင့် စောစောထပြီးပြင်ဆင်နေရခြင်းဖြစ်သည်။
အရမ်းနောက်ကျမှသွားရင် ဘုရားရင်ပြင်ပေါ်မှာ နေတွေ အရမ်းပူလာတာကြောင့် ဘုရားကို ကောင်းကောင်းဖူးနိုင်မှာမဟုတ်ပေ။အခုတော့ shirt အဖြူလေးနဲ့ ယောပုဆိုး အနက်ရောင်လေးကို တွဲဝတ်လိုက်ပြီး အိမ်အောက်ထပ်ကို ဆင်းကာ မောင်လာကြိုမှာကို သွားစောင့်နေလိုက်သည်။
" Morning ဖေ ၊ အလုပ်မသွားဘူးလား ဒီနေ့"
" သွားမှာ ဖေ့သားရေ ၊ ဒီနေ့က နည်းနည်းနောက်ကျမှ သွားမလားလို့ "
" သားကကော ဘယ်သွားမလို့လဲ "
" ဟီး ၊ မောင်နဲ့ ဘုရားသွားမလို့ ဖေရဲ့ "
" မနက်စာကော မစားသွားတော့ဘူးလား ၊ သား "
" မစားသွားတော့ဘူး ဖေ ၊ မောင်နဲ့ အတူတူ စားမလို့ ဟီး "
" ဟော် ပြောရင်းဆိုရင်း အသက်ရှည်ဦးမယ် ၊ ဟိုမှာ လာပါပြီဗျာ "
" Morning ဖေဖေ "
" Morning ပါ သားကြီးရေ "
" ဘုရားသွားကြမလို့ဆို "
" ဟုတ်တယ် ဖေဖေ "
" ကဲ ၊ ဒါဆိုလည်း သွားကြတော့ တော်ကြာ နေအရမ်းမြင့်သွားရင် ပူနေလိမ့်မယ် "
" ဟုတ်ကဲ့ ဖေဖေ ၊ ဒါဆို သွားလိုက်ဦးမယ်နော် ဖေဖေ "
" အေး ဖြေးဖြေးမောင်းဦးနော် သားကြီရေ "
" ဟုတ် "
" သွားပြီနော် ဖေ "
••••••••••••
" မောင့်ကလေးလေး ဘာစားလာခဲ့သေးလဲ "
" မစားရသေးဘူးမောင် ၊ မောင်နဲ့အတူတူစားမလို့ ဟီး "
" ဟက် ချစ်စရာလေးကွာ မောင့်ကလေးလေးက "
" ကျွန်တော်က အမြဲချစ်စရာကောင်းတယ်လေ မောင် "
" ဟားဟား၊ ဟုတ်ပါပြီကွာ "
" ဘာစားချင်လဲ ၊ မောင့်ကလေးလေးက "
" မုန့်ဟင်းခါးစားချင်တာ မောင် ၊ နွားနို့ပူပူလေးလည်း သောက်ချင်သေးတယ်ရယ် "

YOU ARE READING
ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]
Romance၅၂၈ အချစ်ဘဲဖြစ်ဖြစ်၊ ၁၅၀၀ အချစ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟူသည်....🤍 Starting Date - 10.12.2021 Ending Date - 20.2.2022