Part 7

281 30 0
                                    

" ဒီမှာ ၊ ခင်ဗျား တော်တော်အားနေလို့ နေ့တိုင်းကျွန်တော့်ဆိုင်ကိုလာနေတာလား "
" ကိုယ်ကမလာချင်ပေမဲ့ ၊ နှလုံးသားလေးက လာချင်နေတော့ ကိုယ်လည်း နှလုံးသားအလိုကျ လိုက်ပေးရတာပေါ့ "
" ဒါဆို ၊ ခင်ဗျားက လုပ်စရာတွေဘာမှမရှိဘူးပေါ့ "
" ရှိတာတော့ ရှိပေါ့ ၊ ကိုယ်က ကလေးကို လွမ်းတာကို "
" အဲ့မှာ ၊ ခင်ဗျား တစ်ယောက်တည်းလွမ်းနေလိုက် ၊ company လည်း ဒေဝါလီခံသွားရလိမ့်မယ် "
" ဘယ့်နှယ့် ၊ company ရဲ့ CEO က အလုပ်မလုပ်ဘဲ လျှောက်သွားနေရတယ်လို့ ၊ ဟွန့် "
" ဟက်၊ ဘာကောင်လေးလည်း ကိုယ်တော့ အသည်းယားလို့ သေမှာဘဲကွာ " ။

ဟုတ်တယ် တာယာပြောကို မပြောချင်တော့ဘူး၊ ဒီလူကြီးက ဆိုင်ကို နေ့တိုင်းလာတယ် ။

ပန်းတွေကို တစ်နေ့တစ်မျိုးမရိုးရအောင်ဝယ်ပြီး ဘာလုပ်လည်းမေးတော့။
ကလေးဆီကို လာဖို့ အကြောင်းပြချက်ရတာပေါ့တဲ့။

ပြီးရင်လည်း သူ့ကို ' ကိုလင်းကမ္ဘာမြေ ' တို့ ၊ ' ခင်ဗျား' တို့ခေါ်ရင်လည်းနဲနဲမှမကြိုက်။
ရုပ်ကြီးက တစ်ပတ်လောက် ထမင်းမစားရတဲ့ လူလို ရှုံ့တွသွားလိုက်ပုံများ။

ခေါ်ခိုင်းလိုက်သေးတယ် လူကိုများ ပိုင်စိုးပိုင်နင်းနဲ့ ၊ ' မောင် ' လို့တစ်လုံးတည်းခေါ်ပါလားတဲ့။
ကလေးမောနေမှာဆိုးလို့တဲ့။

အသက်ကဖြင့် သူက ကျွန်တော့်ထက် ၆ နှစ်တောင်ကြီးပြီးတော့များ။ ချွဲချင်တာလည်း သူ့အပြင် နှစ်ယောက်မရှိ။

" ခင်ဗျား ၊အခုချက်ချင်း company ပြန်လိုက်နော် ဦးလင်းကမ္ဘာမြေ "
" ကလေးကလည်း "
" ဘာမှကလေးကလည်း တွေဘာတွေလာမလုပ်နဲ့၊ ခင်ဗျား အခုချက်ခြင်းမပြန်ရင် ၊နောက်ခါ ဆိုင်ရိပ်တောင် နင်းရမယ်မထင်နဲ့ "
" အီးဟီး ၊ ကလေးက ရက်စက်လိုက်တာ ' မောင့် ' ကို အတင်းပြန်ခိုင်းနေတယ်၊ မပြန်ချင်ပါဘူးဆို " ။

ဒီလူကြီးကတော့
" နေပါဦး၊ ကျွန်တော်မေးပါဦးမယ် ၊ ခင်ဗျားက အကြီးလား ၊ ကျွန်တော်က အကြီးလား "
" ဘယ်သူဘဲကြီးကြီးပေါ့ ၊ အချစ်ရဲ့ အခေါ်အဝေါ်တွေက အသက်အရွယ်နဲ့ မဆိုင်ပါဘူး "

" အသက်ဆိုတာ သဘာဝတရားကြီးကသတ်မှတ်ပေးထားတဲ့ ကိန်းဂဏန်း သာသာလေးကို "
" ဟုတ်ပါပြီ ၊ ခုတော့ ခင်ဗျား ချက်ခြင်းပြန်တော့ "
" ကလေးက အရမ်းအနိုင်ကျင့်တယ်ရယ် ၊အီးဟီး " ။

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Onde histórias criam vida. Descubra agora