Part 3

439 35 0
                                    

ကမ္ဘာ မျက်လုံးနှစ်ဖက်ကိုဖွင့်လိုက်တော့ မြင်နေရတာ အဖြူရောင်မျက်နှာကြတ်၊ နှာခေါင်းထဲကို ဝင်ရောက်လာတဲ့ ဆေးနံ့တွေအရ အခုရောက်နေတာ ဆေးရုံ ဒါမှမဟုတ်ရင်လည်း ဆေးခန်းတစ်ခုခုဖြစ်လိမ့်မယ်။
မှတ်မိသလောက်ကတော့ လုပ်ငန်းရှင်တွေနဲ့ စားသောက်ပြီးတော့ ဆိုင်ကအထွက်မှာ ခေါင်းကတရိပ်ရိပ်နဲ့ ထိုးကိုက်လာပြီး ကျွန်တော့်ကမ္ဘာက အမှောင်အတိဖြစ်သွားတာပါဘဲ ။
ကျွန်တော်က အဲ့နေ့မှဘဲ မိုးတိမ်ကို မခေါ်သွားဘဲ တစ်ယောက်တည်း အဲ့စားသောက်ဆိုင်ဆီထွက်လာလိုက်တာပါဘဲ။ ခုတော့ ....

" ခင်ဗျား သတိရလာပြီလား "
အသံလေးတစ်သံ နူးညံခြင်းတွေအားလုံးပေါင်းစပ်ထားသလားမှတ်ရအောင် ပျော်ဝင်သွားစေနိုင်တဲ့ အသံမျိုး။
" ခု ကိုယ် ဘယ်ရောက်နေတာလဲ "
" ခင်ဗျား စားသောက်ဆိုင်ရှေ့မှာ မူးလဲနေတာမြင်လို့ ကျွန်တော်နဲ့ ငတိမ်က ဆေးရုံလာပို့ပေးလိုက်တာ "
" အော် ၊ ကျေးဇူးပါဘဲ "
" ရပါတယ် ၊ ဆရာဝန်ပြောတာတော့ အနားယူပြီး အစားကိုပုံမှန်စားပါတဲ့ ၊ အိပ်ရေးလည်းမပျက်စေနဲ့ ပြီးတော့ စိတ်ဖိစီးမှုတွေကို အရမ်းမများစေပါနဲ့တဲ့ "
" ခင်ဗျားရဲ့ကားကတော့ အဲ့ဆိုင်မှာ ကျန်ခဲ့တယ် ၊ ဟို အဆင်ပြေရဲ့လား မသိဘူး " ။

" အာ၊ ရပါတယ် ကိုယ် ကို့အတွင်းရေးမှူးကိုဖုန်းဆက်ပြီး သွားယူခိုင်းလိုက်ပါ့မယ် ၊ ကျေးဇူးအများကြီးတင်ပါတယ် ဟို .... "
" ကျွန်တော့် နာမည် ထွန်းလတာယာပါ "
" အာ အစစအရာရာအတွက် ကျေးဇူးတင်ပါတယ် star "
" ဗျာ "
" ဟို ကိုယ် star လို့ခေါ်လို့ရမလား "
" ရပါတယ်၊ ကျွန်တော်က ကြားဖူးနေကျမဟုတ်လို့ တစ်မျိုးဖြစ်သွားရုံပါ "
" ကိုယ့်နာမည် ' လင်းကမ္ဘာမြေ ' ပါ "
" ဒါဆို ခင်ဗျားက The Light company ရဲ့ CEO ' လင်းကမ္ဘာမြေ ' ဆိုတာလား "
" Of course "
ပြူးကျယ်လာတဲ့ မျက်ဝန်းတစ်စုံက အံ့ဩသွားသရောင်ရောင်။

" အာ၊ ဟုတ်ကဲ့ ဒါဆို ခင်ဗျားအနားယူလိုက်ပါဦး ၊ ကျွန်တော်ပြန်လိုက်ပါဦးမယ် "
အပြင်ကို ထွက်ခါနီး ခြေလှမ်းတွေကို တုံခနဲ ရပ်စေတဲ့ တရားခံကတော့
" Star ကိုယ်တို့တွေ့ ပြန်တွေ့ကြမယ်မလား "
" ခင်ဗျားသာ ဆန္ဒရှိရင်ပေါ့ "
လှည့်ထွက်သွားတဲ့ ကျောပြင်ငယ်လေးက မြတ်နိုးဖွယ်ရာအတိပါဘဲ ။

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now