Part 9

250 30 0
                                    

ဒီနေ့က ကမ္ဘာတို့ company ရဲ့ 30 th anniversary နေ့ဖြစ်သည်။
ဒါ့ကြောင့် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားရမည်။

အခုတလော ကလေးလေးက ကျွန်တော့်ကို ဆိုင်ကို မလာခိုင်းတော့ anniversary အတွက် decoration လုပ်ဖို့ အပိုင်းအတွက် ပန်းတွေကို ကလေးဆိုင်ကနေ order မှာခိုင်းလိုက်သည်။

ဂျာကြီးကိုလည်း ကျွန်တော်က ဘယ် company ဆိုတာမပြောစေဘဲ company ရဲ့ anniversary အတွက် ပြင်ဆင်ဖို့မှာတယ်လို့ဘဲသိထားစေလိုက်သည်။

Order တွေကို ကလေးက လာပို့ပေးမယ်ဆိုတာ သေချာပေါက်သိတာမလို့ cash ကို ရုံးခန်းမှာ လာယူပေးဖို့ သေချာမှာထားရသည်။

ဟက် ကမ္ဘာ့ရဲ့ ကလေးလေးက အရမ်းချစ်စရာကောင်းလိုက်ပုံများ။
ဝင်ဝင်လာချင်းကို ပြောတော့တာဘဲ ။

ပြီးတော့မှ ရှေ့ကိုကြည့်ပြီး ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း မာနထွဋ်ခေါင်နဲ့ သူ့ရဲ့ PA ကောင်လေးကိုမြင်တော့ ဖြစ်သွားတဲ့ မျက်နှာလေးက ကိုက်စားချင်စရာလေးပါဆိုဗျာ။

မာနရဲ့ PA နဲ့ ကလေးလေးက ကြည့်ရတာ သူငယ်ချင်းဖြစ်မယ်ထင်တယ်။
သူ့သူငယ်ချင်းက သူ့ကိုကြိုမပြောထားတဲ့ပုံဘဲ ။

စိတ်ဆိုးသွားတဲ့ မျက်နှာအမူအယာကအစ မြတ်နိုးဖွယ်ရာအတိဘဲ။
ချစ်လိုက်ရတာ ' မောင့်ကလေးလေး ' ရယ်။

ကျွန်တော်လည်း ကလေးကို dinner လာဖို့ဖိတ်လိုက်တယ်။
ပွဲကို ကျွန်တော်က တမင်ညပိုင်းမှ လုပ်တာဖြစ်တယ်။

ဒါကြောင့် ကလေးလေးက မဖြစ်မနေ လာဖို့ကို လိုအပ်တယ်။
ခုတော့ ကျွန်တော်လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ရတော့မယ်။

ပွဲက ညနေ ၅ နာရီမှာ စမှဖြစ်တယ်။
ခုတော့ ရေမိုးချိုးပြီး ပြင်ဆင်ရန်အတွက် ဘီဒိုရှေ့မှာ ရပ်နေလိုက်သည်။

" ငါ့ပွဲမှာ ဝတ်မဲ့ ဝတ်စုံကကော "
" Chilli ၊ အခုချက်ချင်းလာဦး "

" ဘာလဲ ၊ ကိုကိုရာ Chilli လည်းပြင်ဆင်နေတာကို ၊ ကိုကိုလုပ်တာနဲ့ Daddy နဲ့တွေ့ဖို့နောက်ကျ‌တော့မှာဘဲ "
" လုပ်မနေစမ်းပါနဲ့ Chilli ရာ "

ဟုတ်သည်။ Chilli က ဘာဆိုတာ ကျွန်တော်က သိပြီးသားမလို့ သူ့ကိုလွတ်လပ်ခွင့်အပြည့်ပေးထားသည်။
သူပျော်ဖို့သာ ကျွန်တော့်အတွက် အရေးကြီးဆုံးဖြစ်သည်။

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now