Part 14

211 28 4
                                    

မနက်ခင်းရဲ့ နေရောင်ခြည်က မျက်နှာပေါ်ကျလာသည့်တိုင် ထွန်းလတာယာတို့ အိပ်ယာက မထသေးပါ။
သူအခုတလော အကျင့်တွေအရမ်းပျက်လာပါသည်။

ဆိုင်ကိုလည်း ကိုနိုင်လင်းနဲ့သာ အခုတလောလွဲထားလိုက်သည်။
သူကလား ....

သူက‌တော့ ဟီး ...
မောင့်ရဲ့ အလိုလိုက်မှုတွေအောက်မှာဆိုးချင်တိုင်း ဆိုးနေပါတယ်။

အခုလည်း အိပ်ယာပေါ်မှာ မထသေးဘဲ ဆက်အိပ်နေပါမယ်။
ဘာပြောချင်ကြလဲ .... ဒီက တာယာလေးကို။

ပြီးရင်တော့ ပြောထားတာတွေ အကုန်လုံးကို တစ်ခုမကျန် မှတ်ထားပြီး မောင်နဲ့ ပြန်တိုင်ပစ်မယ် ဟွန့်။

ငတိမ်ဆိုတဲ့ကောင်ကတော့ ပြောပါတယ်။

" အားကိုးရှိလို့ ဇောင်းကြွနေတဲ့ကောင် " တဲ့။
ဟွန့်ပြောပေါ့ အဲ့ငကောင် ငတိမ် မနာလိုနေတာ။

သူ့ကို အလိုလိုက်ပေးမယ့် ကောင်လေးမရှိတော့လေ။ အခုတော့ အိပ်ချင်နေသေးပါတယ်ဆို မြည်လာတဲ့ ဖုန်း ringtone သံ ...

🎶 If Happy Ever After Did Exist, I would still be holding you like this 🎶

" ဟယ်လို မောင် "
" မောင့်ကလေးလေး မထသေးဘူးလား "

" အွန်း မောင် ၊ အိပ်ချင်သေးတယ် "
" ဒီနေ့ မောင်တို့ Date ကြမယ်လေ၊ မောင့်ကလေးလေး "

" ဘာ ... "
" ဘာဖြစ်တာလဲ ကလေးလေး "

" Date မယ်ဟုတ်လား၊ မောင် "
" မောင်က ဘာလို့ ကြိုမပြောတာလဲ "

" ဘာလို့လဲ ကလေးရဲ့ ၊ ကလေးချိန်းထားတာတွေရှိလို့လား "
" မရှိပါဘူး မောင်ရဲ့ "

" ဒီနေ့ မောင်နဲ့ ညမှတွေ့မယ်ဆိုပြီး နောက်ကျတဲ့အထိအိပ်မလို့ ၊ မောင်က date ကြမယ်ဆို စောစောပြောရောပေါ့ "
" အခုက အဆင်မပြေလို့လား ကလေးရဲ့ "

" အင်း၊ အဆင်မပြေဘူး "
" ကျွန်တော်က အခု နောက်ကျမှထတော့ မောင်နဲ့ တွေ့ရတာ နောက်ကျတော့မယ်လို့ ဟီး "

" ဖြစ်နိုင်ရင်လေ ၊ ကျွန်တော်က မောင်နဲ့ မိနစ်တိုင်း ၊စက္ကန့်တိုင်း အတူတူရှိချင်တာ သိလား မောင် ၊ ဟင် "
" မောင်လို့ ပြောတာကြားရဲ့လားလို့ ၊ ဖုန်းကြီးကိုင်ထားပြီး ငုတ်တုပ်မေ့နေတာလား ဒီလူကြီးကတော့ "

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now