Part 27 𝑬𝒏𝒅𝒊𝒏𝒈 𝑭𝒐𝒓 ( လင်းကမ္ဘာမြေ+ထွန်းလတာယာ ) ♡︎

312 26 5
                                    

ညနေခင်းရဲ့ နေဝင်ချိန်ကတော့ တကယ်ကို ဘယ်အရာနဲ့မှ လဲလို့မရနိုင်တဲ့ ပန်းချီကားတစ်ချပ်လိုပင် ။ သိပ်ကိုလှသည် ။ အထူးသဖြင့် သူ့ဘေးမှာ အဲ့နေဝင်ချိန်လေးကို တမေ့တမောငေးကြည့်နေတဲ့ ကောင်ငယ်လေးလိုပေါ့ ။ တစ်လောကလုံးမှ ဘယ်သူနဲ့မှ နှိုင်းယှဉ်၍မရနိုင်အောင် ဒီကောင်ငယ်လေးက ကျွန်တော့် မျက်စိထဲမှာ သိပ်ကိုလှသည်။ အချိန်တိုင်း။၊ နေရာတိုင်းမှာ အမြဲ ငေးကြည့်နေရလောက်အောင် ကျွန်တော့်စိတ်အာရုံတွေအားလုံးကို ဒီကောင်ငယ်လေးက လွှမ်းမိုးထားနိုင်လေသည်။

" မောင် "

" ......... "

ခေါ်နေတာကို မထူးတဲ့ မောင့်ကို စောင်းငဲ့ကြည့်လိုက်တော့ မောင့်ရဲ့ စိတ်အာရုံအစုံစုံက ကျွန်တော့်ဆီမှာ ရောက်နေတာကို တွေ့လိုက်ရတယ် ။

" မောင် ... "

" ဟင် အင် ၊ ဗျာ မောင့်အချစ် "

" မောင်ရယ် ကျွန်တော်က မောင်တစ်ယောက်တည်း‌ပိုင်တာပါဗျာ ၊ အဲ့လောက်ကြီး ငေးကြည့်နေစရာမလိုပါဘူး "

" မင်းလေးက မောင့်အာရုံငါးပါးလုံးကို ညို့ယူထားလားထင်ရလောက်အောင် ပြင်းထန်လိုက်တာကွာ မောင့်ကလေးလေးရယ် "

" ဟီး မောင်ကလဲ ... "

" ဘာလဲ ပျော်နေတာလား မောင့်ကလေးလေးက "

" ဒါပေါ့ မောင်ရဲ့ ၊ မောင့်ရဲ့အတွေးတွေကိုကော ၊ မောင့်ရဲ့ အမြင်အာရုံတွေထဲကိုကော ၊ မောင့်ရဲ့ နှလုံးသားထဲအထိပါ ကျွန်တော်က နေရာယူထားတာ ဆိုတော့ .. "

" ကိုယ့်ကိုကိုယ် ဂုဏ်ယူတာပေါ့ ၊ မောင်ရယ်"

" ဟားဟား ၊ မောင့်ကလေးလေးက တကယ့်အတတ်လေးပါကွာ "

" မောင် "

" ဗျာ "

" ကျွန်တော်တို့လည်း လက်ထပ်ဖို့ သေချာပေါက် လိုအပ်လားဟင် "

" မောင့်ကလေးလေးရယ် ... "

" ဟင်အင်း မောင် ၊ ကျွန်တော်က မောင် ကျွန်တော့်ကို ငြိုငြင်သွားမှာ ကြောက်လို့ ဟင့် "

" အင့် ... "

" မောင် ပြောပြီးပါပြီကော မောင့် အချစ်ရယ်"

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] حيث تعيش القصص. اكتشف الآن