တရိပ်ရိပ်ထွက်ပေါ်လာတဲ့ မနက်ခင်းရဲ့နေရောင်နုလေးတွေနဲ့အတူ နေမင်းကြီးကလည်း သူ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် အရှေ့အရပ်ကနေ ပေါ်ထွက်လို့လာလေပြီလေ။ဒါကြောင့် ကျွန်တော်လည်း နေရောင်နုနုလေး မျက်နှာပေါ်သို့မကျခင် အိပ်ယာမှအမြန်ထလိုက်တော့တယ်။
ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်၊ရေချိုးခြင်းအမှုကိုလုပ်ဆောင်လို့အပြီးမှာတော့ အဝတ်အစားလဲပြီး အိမ်အောက်ထပ်သို့ မနက်စာစားရန် ဆင်းလာလိုက်တော့တယ်။
ကျွန်တော်တို့ မိသားစုမှာ ဘွားဘွားကြီးရယ်၊ ဖေဖေရယ် ၊မေမေရယ်၊ ကျွန်တော်ရယ် ဆိုပြီး မိသားစုဝင် ၄ ယောက်ရှိပါတယ်။
ကျွန်တော်တို့ မိသားစုက မြန်မာနိုင်ငံရဲ့ Top ten စာရင်းဝင်တွေလောက်တော့ မချမ်းသာပေမဲ့ အတော်အတင့်တော့ ချမ်းသာပါတယ်။မနက်စာစားရန် အိမ်အောက်ထပ်ကိုရောက်တော့ အကုန်လုံးပြင်ဆင်လို့ပြီးနေပါပြီ ။
" Morning ဘွား "
" Morning ပါရှင် "
" ဘွား ဒီနေ့ ဘာချက်ကျွေးတာလဲ ဟီး "
" ဘွားမြေးလေးအကြိုက် မုန့်ဟင်းခါးကို ငါးများများနဲ့ ချက်ထားပါတယ်တော် "
" ရေး ဘွားအကောင်းဆုံးကွ ၊ ရွှတ် "
" အမလေး ၊အချွဲလေးပါတော် "
ဘွားက အသက် ၇၀ ကျော်သာပြောတယ် သွားနိုင်၊ လာနိုင် ၊လှုပ်ရှားနိုင်တုန်း။မနက်စာဆိုလည်း အခုလိုဘဲ တစ်နေ့တစ်မျိုး မရိုးရအောင်ကို ချက်ကျွေးတာဗျ့။ဒါကြောင့်လည်း ' ထွန်းလတာယာ' တို့ ဘွားချက်ကျွေးတာတွေစားပြီး တစ်နေ့တစ်ခြား အလေးချိန်တွေ ပိုတိုးလာလေရဲ့ ။" ဘွား ဖေဖေနဲ့ မေမေကော "
" ဟိုမှာ ဆင်းလာပါပြီရှင် "
" Morning ဖေနဲ့မေ "
" Morning သားလေး "
" ကဲ၊ လူစုံပြီဆိုတော့ တို့တွေစားလိုက်ရအောင် ၊တော်ကြာ သွားစရာတွေရှိရင် နောက်ကျနေကြလိမ့်မယ် "
" ဟုတ်၊ ဘွား "
" မတင်ရေ ၊ ဟင်းရည်လေးနွေးခားတာ ယူလာပေးပါဦးကွယ် "
" ဟုတ်ကဲ့ပါ ဘွားဘွားကြီး " ။မနက်စာစားပြီးတော့ ဖေဖေနဲ့မေမေက အလုပ်ကို အတူတူထွက်သွားလေရဲ့။
ကျွန်တော်လည်း ဘွားကို နှုတ်ဆက်ပြီး ကျွန်တော့်ရဲ့ အေးချမ်းရာ နေရာငယ်လေးဆီကို ထွက်လာလိုက်တော့တယ်။
ကားကို ဆိုင်ရှေ့ရပ်ပြီး ဆိုင်ထဲဝင်လာတော့
" ဟေ့၊တာယာ မင်းဒီနေ့စောလို့ပါလားကွ "
" ဟုတ်တယ် ၊ကိုနိုင်လင်းရေ ကျွန်တော် မနက်စာစားပြီးတော့ ချက်ချင်းထွက်လာလိုက်တာ "
" အေ၊ ငါလည်း ခုလေးတင်မှရောက်တာကွ "
" ဒါနဲ့ ကိုနိုင်လင်း မနက်စာ စားပြီးရဲ့လား "
" စားပြီးပေါ့ကွာ၊ ဒီနေ့ ငါ့မိန်းမက အုန်းနို့ခေါက်ဆွဲချက်တော့ ၊အပြီကိုဆွဲလာတာ ငါ့ကောင်ရေ "
" ဟာဟာ၊ ဟုတ်ပါပြီဗျာ "
" အော် ၊ဒါနဲ့ ဒီနေ့ ပျိုးပင် အမျိုးအစားအသစ်တွေ ရောက်မှာမလား ကိုနိုင်လင်း "
" သဘက်ခါလောက်မှ ရောက်ဖြစ်တော့မယ်ထင်တယ် တာယာရေ ၊ သူတို့က အခုတလော ကားတွေဝင်ရတာ အဆင်မပြေဖြစ်နေလို့တဲ့ "
" အော် ၊ဟုတ်လား အဲ့ဒါလည်း အဆင်ပြေပါတယ်နော့် ကိုနိုင်လင်း "
" အေ၊ပြေပါတယ်ကွ ပျိုးပင် တွေလည်း ကျန်တော့ကျန်သေးတာဘဲကို "
" ဟုတ် ၊ဒါဆို ကျွန်တော် စာရင်းတွေတစ်ချက် သွားစစ်လိုက်ဦးမယ် ကိုနိုင်လင်းရေ "
" အေ၊တာယာ ငါလည်း အပင်တွေ တစ်ချက်ပြန်ကြည့်လိုက်ဦးမယ် "
" ဟုတ် " ။
YOU ARE READING
ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]
Romance၅၂၈ အချစ်ဘဲဖြစ်ဖြစ်၊ ၁၅၀၀ အချစ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟူသည်....🤍 Starting Date - 10.12.2021 Ending Date - 20.2.2022