Part 16

185 27 16
                                    

" ညန်ညန်ရုပ်ရေ ဒီဒီ ၊ ညေရို့ ရောက်ကျရေရိမ့်ရယ် "

" ဒယ်ဒီ ပြီးတော့မှာပါ ၊ ပေါက်စီလုံးလေးရယ် ၊ ဒယ်ဒီ့ သခင်လေးက စိတ်ရှည်ပေးပါဦး "

အဲ့အချိန်မှာဘဲ ...

" ဦးရေ ၊ ဦး ပြီးပြီလား ၊ ဒီမှာ ငယ်တောင် ရောက်ပြီ "

" ကိုယ် အခန်းထဲမှာ ငယ်ရေ "

လို့ပြောတော့ အခန်းထဲကို ရောက်လာတဲ့ ငယ်။

ငယ်ဝင်လာတာနဲ့ ဘုန်းနေထွဋ်ခေါင် တို့က

" တိုတို "
" ဟာ ၊ ကိုကို့ ပေါက်စီလုံးလေးကတောင် အဆင်သင့်ဖြစ်နေပြီလား "

" ဟုတ်ရယ် ၊ တိုတို "
" ဒီဒီက ကြာရေရယ် "

" ဦး ၊ ပြီးတော့မှာလား  တော်ကြာ ငယ်တို့ လေယာဉ် နောက်‌ကျနေဦးမယ် "

ဆိုပြီး တပ်နေတဲ့ ကြယ်သီးကို ယူပြီး တပ်ပေးလိုက်တဲ့ ငယ်က တကယ့်မြတ်နိုးရသောပါဘဲ ။

ချစ်မြတ်နိုးစွာနဲ့ မျက်စိရှေ့ကမြင်နေရတဲ့ နဖူးပြင် ပြေပြေနုနုလေးကို အနမ်း ဖွဖွလေး တစ်ပွင့် ခြွေလိုက်မိတော့တယ်။

" ဟာ ၊ ဦး "

လို့ဆိုပြီး ရဲတက်လာတဲ့ မျက်နှာလေးကလည်း အကြည့်တစ်ချက်မလွှဲချင်စရာ ။

" ကိုယ် မင်းကို မြတ်နိုးလွန်းလို့ပါ ငယ်ရယ် "

" ဦးကတော့ ၊ ခြွေနေ‌တော့တာပါဘဲ "

" ရင်ဘတ်ထဲက နှလုံးသားလေးကနေ အသွင်ပြောင်းလာတဲ့ စကားလုံးလေးတွေပါကွာ "

" ဟာဗျာ ... "

အဲ့အချိန်မှာဘဲ ....

" ဟမ်း ၊ ဟွတ်၊ ဟွတ် "

ဆိုပြီး လုပ်ချောင်းကို လုပ်ဆိုးလာတဲ့ ၃ နှစ်သားလေး ' ဘုန်းနေထွဋ်ခေါင် ' ။

" အဟွတ် ၊တိုတို ရေ  ညေ ရှောင်းရှိုးနေယို့   သိယား တမင်ရုတ်ရာဟုတ်ဝူး "

" အဟမ်း ၊ ဟို .. "

" ဟုတ်ပါပြီ ၊ ဒယ်ဒီ့ ပေါက်စီလုံးလေးရယ်။ အောက်မှာ သွားစောင့်နေနော် ဒယ်ဒီတို့ ဆင်းလာခဲ့မယ် "

" ညန်ညန်ရှင်းရာရဲ့ညော် ဒီဒီ "
" ဟုတ်ပါပြီ ဗျာ "

အိမ်အောက်ထပ်ကို လုံးတုံးတုံးလေးနဲ့ ပြေးဆင်းသွားတဲ့ ပေါက်စီလုံးလေး။

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Onde histórias criam vida. Descubra agora