Part 10

266 30 0
                                    

တာယာ ပွဲကိုရောက်တော့ လိုက်ရှာမိတာက တဇွတ်ထိုးလုပ်တတ်တဲ့ ဟိုလူကြီးဘဲ။
ဘယ့်နှယ် သူ့ company ရဲ့ ပွဲပါဆို ကိုယ်မလာရင်ဘဲ သူက ပွဲမစဘူးတဲ့။

ဘယ်လိုတောင် ကလေးဆန်လိုက်တဲ့ လူကြီးလဲမသိဘူး။
တာယာရောက်တော့ လိုက်ရှာပေမဲ့ မရောက်သေးဘူးထင်ပ။

လူတွေတော့ တော်တော်ရောက်နေကြပြီလေ။
ဟုတ်တာပေါ့ ၊ ဒီပွဲက ဘယ်သူလုပ်တာမလို့လဲ စီးပွားရေးလောကရဲ့ ပြိုင်စံရှား ဘုရင်တစ်ဆူ ' ဦးလင်းကမ္ဘာမြေ ' တို့ လုပ်တဲ့ပွဲဘဲဟာ။

ကျွန်တော်လည်း ကြည့်နေရင်းနဲ့ တွေ့လိုက်ရတဲ့ မျက်နှာက ...

" ဟယ်လို ၊ Long time no see နော် ဖေ့သားလေး " လို့ အံ့ကြိတ်သံနဲ့ ပြောလိုက်တော့ သကောင့်သားက ....

" ဟဲဟဲ ၊ တာယာ ဘယ်လိုရောက်လာတာလဲ "
" ငါ့ကိုလည်း ဖိတ်လို့ပေါ့ ဟင်းဟင်း "

" ဟို .... ဟိုဟာလေ "
" ဟိုဟာတွေ၊ ဒီဟာတွေ လုပ်မနေစမ်းပါနဲ့ တိမ်နေယံရာ ၊ လာပါ သွားထိုင်ရအောင် "

" မင်းနဲ့ ငါ ရှင်းစရာလေးတွေရှိတယ်နော့ "
" ဟဲ ၊ ချစ်သူငယ်ချင်းလေးကလည်း "

" မင်းဘာမှ မျက်နှာချိုလာသွေးမနေနဲ့ ၊ လာ သွားထိုင်မယ် "
" ပြီးရောကွာ "

အဲ့လိုနဲ့ ကျွန်တော်နဲ့ ငတိမ်လည်း အလယ်တန်းလောက်မှာ သွားထိုင်လိုက်ကြတယ်။

" ကဲ၊ ပြောပါဦး ငါပြောတုန်းကတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ "
" ခုတော့ အလုပ်သင်တောင်မဟုတ်ဘူး ၊ PA တဲ့ ဟွန့် ၊ မင်းငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်သေးရဲ့လား တိမ်နေယံ "

သွားပြီ၊ ထွန်းလတာယာတို့ စိတ်ဆိုးပြီလေ။
တာယာက တစ်ခါမှ နာမည်အပြည့်အစုံ မခေါ်ဘူး။

သူအရမ်းစိတ်ဆိုးမှသာ....
မင်းတော့ အာပေါက်အောင်ရှင်းပြပေတော့ တိမ်နေယံ ရေလို့သာ ကိုယ့်ကိုကိုယ် စိတ်ထဲကနေ အားပေးလိုက်တော့တယ်။

" မင်းကလည်း စိတ်မဆိုးပါနဲ့ ၊ ငါက တမင်မပြောတာမဟုတ်ပါဘူး "
" ပြီးတော့ ငါတို့က မတွေ့ဖြစ်ကြဘူးလေကွာ ၊ ငါ ဖုန်းဆက်ချင်ပေမဲ့ တော်ကြာ မင်းမအားတဲ့ အချိန်တို့နဲ့ တိုးရင် ဘာ်လိုလုပ်မလဲ "

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now