အပိုင်း - ၉

3.4K 194 7
                                    

" ယဇ်...မင်း...မင်း..."

သူ့ကိုလက်ညှိုးကြီးထိုးကာမျက်လုံးပြူး၊မျက်ဆံပြူးနဲ့တအံ့ဩတဩကြည့်နေတဲ့မြတ်မင်းကြောင့်ယဇ်ကနှုတ်ခမ်းတွန့်ရုံပြုံးလိုက်၏။သူ့ကိုကြည့်တဲ့မြတ်မင်းရဲ့အကြည့်တွေကမသိရင်သရဲ၊သဘတ်တွေ့လိုက်ရသလိုပုံမျိုး...။ယဇ်လည်းမြတ်မင်းရဲ့အကြည့်တွေကိုလျစ်လျူရှုကာဝယ်လာတဲ့လူမမာစာတွေကိုအနီးအနားကစားပွဲပေါ်ကိုတင်လိုက်သည်။

" ငါ့ကိုတွေ့တာသရဲ၊သဘက်မြင်တဲ့ပုံစံနဲ့...မင်းရဲ့အကြည့်တွေကိုပြင်လိုက်စမ်း...ဟျောင့်..."

ယဇ် ပြောလိုက်ပေမယ့်မြတ်မင်းကတော့ ယဇ် ကိုမျက်လုံးပြူး၊မျက်ဆံပြူးနဲ့ကြည့်နေမြဲ၊ကြည့်နေဆဲသာ...။

" မင်း...မင်း...တကယ်...တကယ်ပဲ...ယဇ်...ဟုတ်ပါတယ်နော်..."

" ဘာလဲ...မင်းကအတုထင်နေလို့လား..."

တွေ့တဲ့ခုံမှာဝင်ထိုင်ရင်းကုတင်ပေါ်ကမြတ်မင်းကိုယဇ်ကပြန်ပြီးမေးခွန်းထုတ်လိုက်သည်။မြတ်မင်းရဲ့မေးခွန်းကအတော့်ကိုကြောင်တောင်တောင်နိုင်လှ၏။

ယဇ်ဆိုတဲ့ကောင်ကိုတွေ့ရဲ့သားနဲ့ မင်းကယဇ်လား ဆိုတော့သူကဘယ်လိုပြန်ဖြေရမှာလဲ...။

ထိုအခါယဇ်ရဲ့စကားကြောင့်မြတ်မင်းကတစ်ချက်ရယ်သွေးသမ်းလိုက်ပြီး...

" မဟုတ်ပါဘူးကွာ...ငါတကယ်အံ့ဩသွားလို့ပါ...တစ်လနေလို့ငါ့ဆီတစ်ခေါက်မှရောက်မလာတဲ့မင်းကအခုလိုရုတ်တရက်ကြီးပေါ်လာတာဆိုတော့ငါအံ့ဩမိတာလွန်သလား..."

ခုံပေါ်မှာလက်နှစ်ဖက်ပိုက်ကာစိမ်ပြေ၊နပြေထိုင်နေတဲ့ယဇ်ကမြတ်မင်းစကားကိုသဘောကျဟန်ဖြင့်အသာပြုံးလိုက်လေသည်။မြတ်မင်းပြောတာလည်းမမှားပေ...။သားကြွေးမှု၊မယားကြွေးမှုတွေနဲ့သံသရာလည်နေတဲ့မြတ်မင်းကတစ်လနေလို့သူ့ဆီတစ်ခေါက်မှမရောက်လာတာကမထူးဆန်းပဲသဘာဝကျသည်။သူ့လိုအနှောင်အဖွဲ့ကင်းတဲ့လူလွတ်တစ်ယောက်ကမြတ်မင်းဆီတစ်လ၊တစ်ခါမရောက်ဖြစ်တာကတော့ထူးဆန်းတယ်လို့ဆိုရပေမည်။

သို့ပေမယ့်သူလည်းပဲဆယ့်နှစ်ရာသီလုံးအားမနေပေ...။သူ့ရဲ့အလုပ်က Freelance ဖြစ်တဲ့အတွက်တစ်ရေနိုးချိန်လည်းအလုပ်ကပေါ်လာတတ်သလို၊ထမင်းစားနေရင်းနဲ့လည်းအလုပ်ကပေါ်လာတတ်ပြန်သည်။သူ့အတွက်ကနားရက်ဆိုတာမျဥ်းဖြောင့်တကြောင်းလိုတသတ်မှတ်တည်းမရှိပေ...။အလုပ်မရှိတဲ့အချိန်ကသူ့အတွက်နားရက်သာဖြစ်၏။

Kyar Yoe ( Completed )Wo Geschichten leben. Entdecke jetzt