အပိုင်း - ၁၆

2.4K 145 17
                                    

" ဒေါက်...ဒေါက်..."

" ဝင်ခဲ့..."

ခွင့်ပြုသံအဆုံးအခန်းတံခါးကချက်ခြင်းပွင့်လာလေသည်။ဘယ်သူ၊ဘယ်ဝါလည်းဆိုတာသိရဖို့အတွက်အလုပ်လုပ်နေရင်းတန်းလန်းအခန်းတံခါးဝဆီကြည့်လိုက်မိတော့အခန်းထဲကိုဝင်လာတဲ့လူကသူ့တပည့်ရန်စစ်ဖြစ်နေတာကြောင့် ရာဇ် လည်းအလုပ်အပေါ်သာပြန်လည်အာရုံစူးစိုက်လိုက်၏။

" ကိုရာဇ်..."

" အေ..."

ရန်စစ်ကအသံပြုရင်း ရာဇ် အနားကိုလျှောက်သွားလိုက်သည်။အနားကိုရောက်တဲ့အခါရန်စစ်ကသူနဲ့အတူယူဆောင်လာတဲ့တစ်စုံတစ်ခုကို ရာဇ် အလုပ်လုပ်နေတဲ့စားပွဲပေါ်ကိုလက်နှစ်ဖက်နဲ့ရိုရိုသေသေတင်လိုက်လေသည်။ထိုအခိုက်မျက်လုံးထဲစွန်ငြိလာတဲ့အရိပ်တစ်ခုကြောင့်ရာဇ်ကအလုပ်လုပ်နေရင်းနဲ့ဘေးဘက်ကိုမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်သည်။

ထိုအချင်းအရာကိုမြင်သွားတဲ့ရန်စစ်က...

" ကြာရိုးဆိုတဲ့ကောင်လေးရဲ့ကိုယ်ရေးအချက်အလက်တွေပါ ကိုရာဇ်..."

ရန်စစ်ရဲ့စကားတို့ကြောင့် Computer ထက်မှာပြေးလွှားလှုပ်ရှားနေတဲ့ရာဇ်ရဲ့လက်ချောင်းလေးတွေကအားကုန်သွားတဲ့အရုပ်လေးတစ်ရုပ်လိုတိခနဲ့ရပ်တန့်သွားကုန်ကြ၏။ထို့နောက်ချက်ခြင်းပင်ရာဇ်ကရန်စစ်ချထားတဲ့အနားကအိတ်ကိုကမန်းကတန်းကောက်ယူပြီးဖွင့်လိုက်သည်။

ပထမဆုံးမြင်လိုက်ရသည်ကဓာတ်ပုံတစ်ပုံ...။တစ်နည်းဆိုရသော်သူသိပ်ကိုမုန်းလှပါချည်ရဲ့ဆိုတဲ့ကောင်လေးရဲ့ဓာတ်ပုံ...။

ခပ်ရေးရေးအပြုံးလေးနဲ့ခပ်ဝေးဝေးကိုလှမ်းကာငေးကြည့်နေတဲ့ကောင်လေးပုံစံကရိုးရိုးရှင်းရှင်းလေးနဲ့ဆွဲဆောင်မှုရှိလှသည်။

ဓာတ်ပုံထဲကကောင်လေးကိုအတန်ကြာတဲ့အထိသူစိုက်ကြည့်နေမိသည်။ချစ်ခြင်း၊မုန်းခြင်းတွေသာဘေးဖယ်လိုက်ရင်ဒီကောင်လေးသည်သူ့အတွက်တော့အားသစ်၊ခွန်သစ်တွေကိုသွန်းလောင်းပေမယ့် Vitamin လေးများဖြစ်လေမလားပင်...။သေချာတာကတော့ဒီကောင်လေးအပေါ်မှာရူးရူးသွပ်သွပ်မစွဲလန်းမိရင်တောင်မှနှစ်နှစ်ကာကာသဘောကျနေမိမှာသေချာသည်။

Kyar Yoe ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin