အပိုင်း - ၃၃

1.7K 104 5
                                    

အချိန်ကည(၉)နာရီ...။

ပတ်ဝန်းကျင်တစ်ခွင်လုံးကိုအမှောင်ထုနဲ့အပြိုင်တသောသောတိုက်ခတ်နေတဲ့ညလေညှင်းများကမင်းမူလျှက်ရှိ၏။ထိုသို့ညလေအေးများရဲ့အရှိန်မပြတ်ဝေ့ဝဲတိုက်ခတ်နေမှုကြောင့်ပြတင်းပေါက်မှာတပ်ဆင်ထားတဲ့ခန်းဆီးလိုက်ကာစ,လေးများကအထိန်းအကွပ်မဲ့စွာလူးလွန့်ကခုန်လို့နေကြ၏။တစ်ခါတစ်ရံအေးစက်စက်လေထုများကခန်းဆီးစ,လေးကိုဖြတ်ပြီးအခန်းထဲကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ကျူးကျော်တိုးဝင်လာကြကုန်သည်။

ထို့သို့လေထုအေးတို့ရဲ့ထိပါးနှောင့်ယှက်ခြင်းကိုခံနေရပေမယ့်ပြတင်းပေါက်ကိုသူထပြီးမပိတ်မိပေ...။ထိုအစားခေါက်ရိုးမကျိုးသေးတဲ့စောင်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီးကုတင်ထက်မှာပုစွန်တစ်ကောင်လိုကွေးကာမလှုပ်မယှက်သူငြိမ်သက်နေမိသည်။ထိုသို့နေ,နေရင်းနဲ့လေသင့်ရာအတိုင်းလူးလွန့်ကခုန်လို့နေတဲ့ခန်းဆီးလိုက်ကာစလေးများကိုတစိုက်မတ်မတ်သူငေးကြည့်နေမိ၏။

အကြည့်တို့ကရေသေတစ်ခုလိုတသမတ်တည်းရှိနေပေမယ့်အစိုးမရတဲ့စိတ်အစုံကတော့လိုက်ကာစ,လေးများလိုလူးလွန့်ကခုန်နေ၏။အထူးသဖြင့်တစ်ယောက်သောသူနဲ့ပတ်သတ်ပြီးသူ့စိတ်တို့ကထိုသို့ဖြစ်နေမိခြင်းပင်...။

ဦးရာဇ်အကြောင်းစဉ်းစားမိတိုင်း၊တွေးမိတိုင်း'ဘာကြောင့်လဲ'ဆိုတဲ့မေးခွန်းများစွာကသူ့ရဲ့ခေါင်းထဲ၊အတွေးထဲမှာပြည့်နှက်လာသည်။သူနဲ့ပတ်သတ်ပြီး'ဦးရာဇ်ရဲ့အပြုအမူ၊အပြောအဆိုတွေကဘာကြောင့်ရက်စက်ပြီးစိမ်းကားနေရတာလဲ'ဆိုတာသူသိချင်မိသည်။အမှန်တကယ်ကိုသူသိချင်မိပါ၏။

သို့သော်သူနဲ့ဦးရာဇ်ရဲ့ပတ်သတ်မှုအတိုင်းအတာကစတွေ့ကတည်းကနေအခုချိန်အထိထည်းထည်းဝင်ဝင်မရှိခဲ့ကြပေ...။အပေါ်ယံမေး၊ထူး၊ခေါ်၊ပြောအဆင့်သာရှိခဲ့ကြ၏။ဒါကြောင့်ပဲသူတို့နှစ်ဦးကြားမှာဖြစ်တည်နေတဲ့အခြေအနေကိုစဉ်းစားမိလေတိုင်းအဖြေကအနုတ်လက္ခဏာသာဆောင်နေသည်။

လူတစ်ယောက်ရဲ့အပြုအမူ၊အကျင့်စရိုက်ကရက်၊လ၊ရာသီတွေမကြာရှည်ပဲချက်ခြင်းကြီးပြောင်းလဲနိုင်သည်တဲ့လား...။

Kyar Yoe ( Completed )Donde viven las historias. Descúbrelo ahora