အပိုင်း - ၂၅

1.8K 132 3
                                    

" ဘယ်...ဘယ်လို မောင်သက္ကရာဇ်...ကြာရိုးလေးအတွက်မျက်ကြည်လွှာအလှူရှင်တွေ့ပြီ...ဟုတ်လား မောင်သက္ကရာဇ်..."

အလွန်အမင်စိတ်လှုပ်ရှားခြင်းတို့ကြောင့်ဒေါ်လင်းရဲ့အသံကတုန်ရီလှုပ်ခတ်လို့နေလေသည်။ဒါ့အပြင်စိတ်လှုပ်ရှားခြင်းနဲ့အတူဖြစ်တည်ပေါက်ဖွားလာလေတဲ့ကြည်နူးပျော်ရွှင်ခြင်းတို့သည်လည်းဒေါ်လင်းရဲ့မျက်နှာထက်မှာပီပီပြင်ပြင်ကိုပေါ်လွင်လို့နေသည်။

ထိုသို့ရယ်ခြင်းနဲ့ပြုံးခြင်းကြားမှာကူးလူးပြေးလွှားနေတဲ့အမူအရာကိုကြည့်ခြင်းအားဖြင့်ဒေါ်လင်းကစိတ်ခံစားချက်တို့ကိုအတင်းကြိုးစားကာချိုးနှိမ်နေရဟန်...။ထင်မှတ်မထားတဲ့ဖြစ်ရပ်အတွက်ဒေါ်လင်းကထိုမျှလောက်အထိကိုစိတ်ခံစားချက်တွေပြင်းထန်နေခြင်းပင်...။

သူမအနေနဲ့ဒီအခြေအနေကြီးကိုဆုတောင်းနေခဲ့ရုံကလွဲပြီးဘယ်သောအခါမှမျှော်လင့်ချက်ကြီးကြီးမားမားမထားခဲ့ဖူးပေ...။အခုတော့သူမရဲ့ဆန္ဒတို့ပြည့်ဝလေပြီ...။

" ဟုတ်ပါတယ် အန်တီ...ကံကောင်းတယ်လို့ဆိုရမယ်...ကျွန်တော့်မိတ်ဆွေတစ်ယောက်ကဆေးရုံတစ်ခုရဲ့အဓိကတာဝန်ရှိသူဆိုတော့အခုလိုမြန်မြန်အလှူရှင်ပေါ်လာတာပါပဲ အန်တီ..."

'အတိုင်းအတာတစ်ခုအထိချီးမြှင့်မြှောက်စားခဲ့ရကြောင်း'ကိုတော့စကားထဲထည့်ပြီးပြောမနေတော့ပေ...။လိုချင်တာကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်ဘာမဆိုစွန့်လွှတ်ပေးဆပ်ရဲတဲ့သူကဒေါ်လင်းရဲ့အမြင်မှာတော့မိုးကျရွှေကိုယ်အဖြစ်နဲ့သာထာဝရတည်ရှိနေရမည်။ဒါသည်တစ်စုံတစ်ယောက်ကိုပြိုလဲစေဖို့အတွက်သူပြဌာန်းထားတဲ့အချက်တွေထဲကတစ်ချက်ပင်ဖြစ်ပေသည်။

ရာဇ်ရဲ့စကားကိုကြားတယ်ဆိုရင်ပဲဒေါ်လင်းကရာဇ်ရဲ့လက်တစ်ဖက်ကိုဆွဲယူကာဆုပ်ကိုင်လိုက်လေသည်။ထို့နောက်ဒေါ်လင်းကရာဇ်ကို'လေးလေးနက်နက်ကျေးဇူးတင်ကြောင်း'ပြတဲ့အနေနဲ့ဆုပ်ကိုင်ထားတဲ့လက်ကိုဖျစ်ညစ်ရင်းဆိုလိုက်သည်က...

" ကျေးဇူးတင်လိုက်တာ မောင်သက္ကရာဇ်ရယ်...အန်တီဖြင့်မောင်ရင့်ကိုဘယ်လိုကျေးဇူးတင်လို့တင်ရမှန်းတောင်မသိတော့ဘူး..."

Kyar Yoe ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin