အပိုင်း - ၁၉

1.8K 117 3
                                    

သူ့အ‌နေနဲ့လွတ်မြောက်ဖို့ရာတစ်ခုတည်းကိုသာရှေးရှုပြီးရင်ဆိုင်ကြုံတွေ့ရမယ့်အရာခပ်သိမ်းကိုလျစ်လျူရှုခဲ့ခြင်းပင်...။အခုတော့စိမ်းသက်နေတဲ့ပတ်ဝန်းကျင်မှာဒုက္ခပေါင်းစုံကိုခါးစည်းပြီးခံနေရလေပြီ...။ကိုယ်နဲ့အံဝင်ခွင်ကျမဖြစ်တဲ့အရာတစ်ခုကိုထပ်တူညီဖို့ကြိုးစားရတာခက်ခဲလွန်းမှန်းအခုမှပဲသူနားလည်တော့သည်။

သို့ပေမယ့်'နောင်တရလား‌'ဆိုရင်သူ့အနေနဲ့ခေါင်းခါပြရပေလိမ့်မည်။ဒီလမ်းကိုလျှောက်ခဲ့မိတဲ့အတွက်သူလုံးဝကိုနောင်တမရပေ...။ဒီစိန်ခေါ်မှုကအမှောင်ထုတွေဖုံးလွှမ်းဝါးမြိုနေတဲ့သူ့ဘဝကိုအလင်းရောင်ဆောင်ကြဉ်းပေမယ့်တစ်ခုတည်းသောထွက်ပေါက်ပင်ဖြစ်ပေသည်။

ဒီအခြေအနေကိုသာသူကျော်ဖြတ်နိုင်ခဲ့ပါကတစ်စုံတစ်ယောက်ရဲ့'စေလိုရာစေ'ဘဝကနေသူ့အနေနဲ့ထာဝရလွတ်မြောက်နိုင်မှာဖြစ်၏။ထိုသို့တွေးမိပြန်တော့လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေအရပ်ရပ်ကဘာမှမဟုတ်တော့သလိုပင်...။

အရမ်းကိုသေးငယ်သွားသယောင်ယောင်...။

ဒီလိုနဲ့ပဲလဲကျလိုက်၊ပြန်ထလိုက်နဲ့ပန်းတိုင်ရောက်ဖို့သူလျှောက်လှမ်းနေခဲ့သည်မှာဒီနေ့နဲ့ဆို(၁)ပတ်တင်းတင်းပြည့်သွားလေပြီ...။

ရက်တွေ၊အချိန်တွေကသာပြောင်းလဲကုန်ဆုံးသွားပေမယ့်ရင်ဆိုင်နေရတဲ့ပြဿနာကတော့မပြောင်းမလဲဖြစ်တည်လို့နေဆဲသာ...။ပြီးတော့'ကြာရိုး'ဆိုတဲ့ကောင်လေးနဲ့သူ့ရဲ့ပတ်သတ်မှုကလည်းစာလုံးတွေကင်းမဲ့နေတဲ့စာရွက်အလွတ်တစ်ရွက်လိုဗလာသက်သက်ဖြစ်နေဆဲပင်...။သူ့အနေနဲ့ဒီဂေဟာကိုရောက်လာရတဲ့အဓိကအကြောင်းအရင်းကကြာရိုးနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့အတွက်အခွင့်အရေးရတိုင်းထိုကောင်လေးနဲ့ရင်နှီးမှုရအောင်သူကြိုးစားနေမိသည်။

သို့သော်စက်ရုပ်တစ်ရုပ်လိုပြုမူနေထိုင်နေတဲ့ကောင်လေးကြောင့်သူ့မှာကြိုးစားသမျှအချည်းနှီးသားဖြစ်လို့နေ၏။သို့ပေမဲ့လည်းသူစိတ်ဓာတ်တော့မကျပေ...။အချိန်တွေအများကြီးရှိသေးသည်။

Kyar Yoe ( Completed )Où les histoires vivent. Découvrez maintenant