အပိုင်း - ၃၆

1.7K 111 1
                                    

" မလုပ်နဲ့...လွှတ်...ဟင့်အင်း..."

" အာ့...မလုပ်...အင့်...နဲ့..."

" အမေ...."

" ဟင့်...အီး...ဟီး...ရွှတ်..."

နားထဲမှာငိုဉာဉ်းသံ၊တွန်းထိုးရုန်းကန်သံများကိုအဆက်မပြတ်သူကြားနေရ၏။ထိုအသံများနဲ့အပြိုင်အမေ့ရဲ့မပီပြင်ဝိုးတဝါးငိုကြွေးသံတို့ကိုလည်းတစ်ချက်၊တစ်ချက်သူကြားနေရသည်။

ဝမ်းနည်းကြေကွဲဖွယ်ကောင်းလွန်းလှတဲ့ဒီအသံများကပြည်ဖုံးကာချထားပြီးဖြစ်တဲ့အတိတ်ကဖြစ်ရပ်တွေကိုချက်ခြင်းအမှတ်ရသွားစေသည်။တစ်စုံတစ်ယောက်ရဲ့ဖေးမမှု၊နွေးထွေးပေးမှုတို့ကြောင့်နာကျင်စရာဒီဖြစ်ရပ်တို့ကိုသူမေ့ဖျောက်နိုင်ခဲ့၏။သို့သော်မမျှော်လင့်ပဲသိလိုက်ရတဲ့အမှန်တရားကဒီဖြစ်ရပ်တို့ကိုနတ်ဆိုးသဖွယ်ပြန်လည်တူးဆွလိုက်လေသည်။

အရပ်လေးမျက်နှာအနှံ့ကနေပျံလွင့်လာကြတဲ့ထိုအသံများကြောင့်ဟိုဟိုဒီဒီဝေ့ဝဲကာကြည့်ရင်းနဲ့လူကဆောက်တည်ရာမဲ့နေမိသည်။ထိုသို့ဖြစ်နေစဉ်မှာပဲထင်မှတ်မထားတဲ့မြင်ကွင်းတစ်ချို့ကသူ့ရဲ့မျက်ဝန်းအိမ်မှာရုပ်ရှင်အနှေးပြကွက်တစ်ခုလိုပေါ်ပေါက်လာကြကုန်သည်။

တဖွဲဖွဲရွာသွန်းနေတဲ့မိုးစက်တွေအောက်မှာနတ်ဆိုးတစ်ကောင်ရဲ့စေစားရာအတိုင်းလူးလွန့်က,ခုန်နေရတဲ့ကောင်လေးတစ်ယောက်...။စူးရှလွန်းတဲ့အသည်းခိုက်မတတ်နာကျင်ခြင်း‌တွေ၊ပြင်းရှပြီးသိပ်သည်းလွန်းလှတဲ့ရမက်ဆန်ဆန်အနမ်းတွေရဲ့ကြားမှာကောင်လေးခမျာအသားမကျသည့်နှယ်ကမ်းစပ်ကငါးလေးပမာဖျက်ဖျက်လူးနေရ၏။

ကောင်လေးရဲ့ရီဝေဝေမျက်ဝန်းအိမ်ကနေကျဆင်းလာကြတဲ့မျက်ရည်စ,တို့ကမိုးစက်များနဲ့အပြိုင်သည်းထန်လို့နေသည်။ကူရာမဲ့နေတဲ့ထိုအခိုက်အတန့်မှာကောင်လေးအနေနဲ့တုန်ရီနေတဲ့နှုတ်ခမ်းဖျားကနေတဖွဖွဆိုနေမိသည်က...

" ကျွန်တော်တောင်းပန်ပါတယ်ဗျာ..."

" မလုပ်...အင့်...ပါနဲ့..."

မြင်ကွင်းတို့ကစက္ကန့်မလပ်ဖြစ်တည်နေ၏။ဆိုးရွားလွန်းလှတဲ့ဒီမြင်ကွင်းတွေကိုသူထပ်မြင်ချင်တော့ပေ...။နာကျင်စရာတွေကိုအသစ်ပြန်ဖြစ်စေတဲ့ဒီမြင်ကွင်းတို့ကသူ့ကိုအရှင်လတ်လတ်လောင်တိုက်သွင်းနေသလိုပင်...။

Kyar Yoe ( Completed )Donde viven las historias. Descúbrelo ahora