အပိုင်း - ၁၀

3.3K 183 4
                                    

" ကျွန်တော်ကြည့်တာတော့ပုံမှန်ပါပဲ...ဘာတစ်ခုမှချို့ယွင်းနေတာမတွေ့ရဘူး..."

" ကျွန်မလည်းအဲ့ဒါစဥ်းစားနေတာ...ဒါပေမယ့်...ဟိုကောင်လေးကလည်းသေသေချာချာကိုပြောသွားတာ..."

​ကုတင်ပေါ်မှာမလှုပ်မယှက်ငြိမ်သက်နေတဲ့ကောင်လေးကိုကြည့်ကာဒေါ်လင်းကတွေးတွေးဆဆဆိုလိုက်၏။တွေးလေ၊တွေးလေပိုပြီးစဥ်းစားလို့မရနိုင်အောင်ဖြစ်ရလေပင်...။ကောင်လေးရဲ့ခန္ဓာကိုယ်မှာထုထောင်းရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေကလွဲပြီးအခြားကြီးကြီးမားမားယိုယွင်းပျက်စီးတာမျိုးမရှိပါဘူးလို့ဆရာဝန်ကြီးကိုယ်တိုင်ပြောသွားသည်။

ဒါကိုပင်ဟိုကောင်လေးကဘာကိုကြည့်ပြီးဒီကောင်လေးရဲ့ခန္ဓာကိုယ်မှာတစ်ခုခုချို့ယွင်းနေပါတယ်လို့တပ်အပ်ပြောနိုင်ရတာပါလိမ့်...။

ဒါမှမဟုတ်...။

ဆရာဝန်ကြီးကိုယ်တိုင်ကသူ(မ)ကိုပြောဖို့မေ့နေတာများလား...။

မဖြစ်နိုင်ပါ...။

ဆရာဝန်တစ်ယောက်ကလူနာရဲ့ရောဂါလက္ခဏာကိုပြောဖို့မေ့တယ်ဆိုတာထုံးစံမှမရှိတာ...။

ဒါဆိုဟိုကောင်လေးကရော...။

ထိုကောင်လေးကစကားကိုလေးလေးနက်နက်နဲ့ကိုဆိုသွားခြင်းပင်...။ပြီးတော့ထိုကောင်လေးရဲ့ပုံစံကအရမ်းကိုတည်တန့်လွန်းနေသည်။နောက်နေတဲ့ပုံစံမပေါက်ပေ...။နောက်နေတယ်လို့ပြောရအောင်လည်းကောင်လေးနဲ့သူ(မ)နဲ့ကရင်းနှီးနေတာလည်းမဟုတ်သလို၊တစ်ကြိမ်တစ်ခါမှလည်းတွေ့ဖူး၊ဆုံဖူးကြတာမဟုတ်ပေ...။အခုမှသာမထင်မှတ်ပဲတွေ့ကြတာပင်...။

ဒါဆိုဘယ်သူကမှန်ပြီးဘယ်သူကမှားနေတာလဲ...။

ဝေခွဲလို့မရတဲ့စိတ်ကြောင့်အိပ်ပျော်နေတဲ့ကောင်လေးကိုငေးကြည့်ရင်းသူ(မ)ငြိမ်သက်နေမိသည်။သူ(မ)တို့အမြင်မှာကောင်လေးရဲ့ခန္ဓာကိုယ်ကရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေကလွဲပြီးအခြားချို့ယွင်းနေတာမျိုးကိုလုံးဝမတွေ့ရပေ...။'သူ(မ)များအမြင်တွေမှားနေတာလား'ဆိုတဲ့အတွေးနဲ့ဦးသောင်းကိုကြည့်ခိုင်းပြန်တော့လည်းအဖြေကဒီအတိုင်းသာထွက်၏။

Kyar Yoe ( Completed )Where stories live. Discover now