အပိုင်း - ၇

3.5K 211 6
                                    

" သား..."

" အ...အမေ..."

ကြာရိုးရဲ့အသံကလေပြေအလားတိုးညှင်းလှ၏။အသည်းခိုက်မတတ်နာကျင်မှုတို့ကြောင့်ကြာရိုးကစကားကိုနှုတ်ခမ်းလေးလှုပ်ရုံသာပြောနိုင်လေတော့၏။နဂိုကတည်းကအားနည်းပြီးနုနယ်လွန်းသူမို့တင်စိုးရဲ့အားပြင်းတဲ့လက်သီးချက်တွေကကြာရိုးကိုသေလုမြောပါးခံစားရအောင်လုပ်နိုင်စွမ်းရှိသည်။

ကြာရိုးအဖို့ဘဝမှာတစ်ခါမှမခံစားဖူးတဲ့ဒီလိုနာကျင်မှု၊ဒီလိုဒဏ်ရာဒဏ်ချက်၊ဒီလိုဝေဒနာဆိုးတွေကြောင့်လောကကြီးနဲ့အဆက်အသွယ်မပြတ်သွားအောင်မနည်းအားတင်းထားနေရ၏။နာကျင်မှုကိုအံကြိတ်ပြီးတင်းခံနေရတာကြောင့်သွေးတွေစွန်းထင်းနေတဲ့ကြာရိုးရဲ့မျက်နှာကတစ်ချက်၊တစ်ချက်တွန့်ရှုံ့သွားလေသည်။ထိုဝေဒနာတွေကြောင့်ပဲလူကခန္ဓာကိုယ်တစ်ခုလုံးတုန်ရီမောဟိုက်နေပြီးပြိုလဲမကျအောင်မိခင်ဖြစ်သူကိုကြာရိုးအားပြုထားရသည်။

" သွားတော့ သား...ဒီကနေထွက်သွားတော့..."

တုန်ရီပြီးရှိုက်သံတို့ဝန်းရံနေတဲ့အမေ့ရဲ့စကားကအမှောင်ဖုံးနေတဲ့သူ့ရဲ့မျက်ဝန်းနှစ်ဖက်ကိုပြူးကျယ်သွားစေသည်။အံဩလွန်းလို့ခြေထောက်တွေညွှတ်မကျသွားအောင်အမေ့ကိုသူတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရတဲ့အထိပင်...။အမေ့ရဲ့အသံကတုန်ရီနေပေမယ့်ပြောလိုက်တဲ့စကားကတော့ဓားတစ်ချောင်းလိုစူးရှပြတ်သားလှသည်။ပြီးတော့ထုံကျင်နေတဲ့သူ့ရင်ကိုအစိမ်းသက်သက်ခွဲချလိုက်သလိုပင်...။

" အမေ...ဘာ...ဘာပြောလိုက်တာလဲဟင်..."

" သွား...ဟင့်...သွားတော့..."

အမေငိုနေသည်။နင့်နင့်သည်းသည်းကိုငိုနေသည်။သူ့ဘဝတစ်သက်တာမှာအမေဒီလိုကြေကြေကွဲကွဲငိုနေတာမျိုးကိုတစ်ခါမှမကြားဖူး၊မကြုံဖူးခဲ့ပေ...။အခုတော့သူကြုံဖူးလေပြီ...။ကြားဖူးလေပြီ...။လောကဓံတရားရဲ့နာကျင်စရာအဖြစ်အပျက်တွေကိုဘာမှမဖြစ်သလိုအံကြိတ်ပြီးတင်းခံနိုင်ခဲ့တဲ့အမေကအခုတော့သူ့အတွက်နဲ့ရင်ကွဲမတတ်ငိုနေ၏။ပြီးတော့သူ့ကိုဒီကနေထွက်သွားခိုင်းသည်။အမေ့ရဲ့လုပ်ရပ်ကအဓိပ္ပါယ်မရှိပေမယ့်သူ့ကိုထပ်ပြီးမနာကျင်စေချင်တော့တဲ့အတွက်ဒီလိုဆုံးဖြတ်လိုက်မှန်းသူနားလည်သည်။

Kyar Yoe ( Completed )Tempat cerita menjadi hidup. Temukan sekarang