အပိုင်း - ၂၃

1.6K 132 0
                                    

" ကျွန်တော့်အဖေကိုမဖမ်းကြပါနဲ့ဗျာ...ကျွန်တော့်အဖေကလူသတ်သမားမဟုတ်ပါဘူး..."

" ကျွန်တော့်အဖေကလူကောင်းတစ်ယောက်ပါ...ကျွန်တော့်အဖေကိုမဖမ်းကြပါနဲ့..."

လက်နှစ်ဖက်ကိုပူးကပ်ကာတောင်းပန်စကားဆိုနေပေမယ့်ကောင်လေးရဲ့စကားကိုမည်သူမှဂရုမစိုက်ကြပေ...။ထိုအစားသူတို့ကိုထွက်သွားလို့မရအောင်အသည်းအသန်ဟန့်တားနေတဲ့ထိုကောင်လေးကိုအားလုံးကဖမ်းဆီးချုပ်နှောင်လိုက်ကြ၏။မလူးသာ၊မလွန့်သာထိုအခြေအနေမျိုးမှာကောင်လေးခမျာအော်ဟစ်ရုန်းကန်နေရုံသာတတ်နိုင်လေတော့သည်။

ထိုမြင်ကွင်းကိုလက်ထိပ်ခတ်ခံထားရတဲ့လူကြီးကမမှိတ်မသုန်းစိုက်ကြည့်နေ၏။ထိုလူကြီးရဲ့မျက်ဝန်းအိမ်ထဲမှာတော့ကြွေကျလုဆဲဆဲမျက်ရည်ဥများကရစ်တွဲခိုဝဲလို့နေကြလေသည်။စင်စစ်ထိုလူကြီးကသူ့အရှေ့မှာရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲ့မြင်ကွင်းကိုကြည့်ပြီးနာကျင်ကြေကွဲနေခြင်းပင်...။

" လွှတ်...ကျွန်တော့်ကိုလွှတ်..."

" အဖေ...အဖေ မဟုတ်ဘူးမလား...အဖေ ဘဘကြီးကိုမသတ်ခဲ့ဘူးမလား...သားကိုဖြေပေးပါ..."

ချုပ်နှောင်ထားတဲ့လူတွေဆီကနေရုန်းရင်း၊ကန်ရင်းနဲ့ကောင်လေးကဖခင်ဖြစ်သူကိုလှမ်းကာမေးလိုက်သည်။သို့သော်သူပြန်လည်ရရှိလိုက်သည်ကဖခင်ဖြစ်သူရဲ့ဥပေက္ခာပြုမူတွေသာပင်...။‌

အဖေကသူမေးတဲ့မေးခွန်းကိုမတုံ့ပြန်ပဲသူ့ကိုသာတွေတွေလေးငေးကြည့်နေ၏။ခဏကြာတဲ့အခါအဖေကအပြစ်သားတစ်ယောက်လိုခေါင်းငိုက်စိုက်ချကာဘေးဘက်ကိုမျက်နှာလွှဲချလိုက်လေတော့သည်။

ထိုတစ်ခဏပြောင်းလဲသွားတဲ့အဖေရဲ့အပြုအမူနဲ့အတူသူ့နှလုံးသားတစ်ခုလုံးလည်းသစ်သီးပုပ်တစ်လုံးလိုအညှာမခိုင်ပဲကြွေကျသွားရတော့၏။သူ‌မေးတဲ့မေးခွန်းကိုအဖေကစကားလုံးတွေနဲ့မတုံ့ပြန်ပဲအမူအရာနဲ့တုံ့ပြန်လိုက်ခြင်းပင်...။

" ဟင့်အင်း...မဟုတ်ဘူး..."

" အဖေလိမ်နေတာ...အဖေ ဘဘကြီးကိုမသတ်ဘူးဆိုတာ သားသိတယ်..."

Kyar Yoe ( Completed )Où les histoires vivent. Découvrez maintenant