အပိုင်း - ၄၅

2.2K 73 1
                                    

" မလာ...မလာနဲ့..."

" သွား..."

" ငါ့အနားကိုမလာနဲ့..."

" အား..."

ရင်ကွဲမတတ်အော်ဟစ်လိုက်တဲ့အဆုံးမှောင်မိုက်ပြီးဝေဝါးနေတဲ့အသိစိတ်တို့ကလက်ရှိကမ္ဘာလောကကိုပြန်လည်ခြေချသက်ဆင်းလာလေသည်။အသိစိတ်ဝင်ဝင်ချင်းလှဲအိပ်နေရာမှကမန်းကတန်းသူထထိုင်လိုက်မိသည်။ပြီးနောက်ဘေးပတ်ပတ်လည်ကိုထိန်လန့်တကြားသူလိုက်ကြည့်မိလေသည်။

အခုချိန်မှာသူ့ရဲ့ပုံစံ၊သူ့ရဲ့အနေအထားကအသက်ဘေးကနေသီသီလေးလွတ်မြောက်လာတဲ့လူတစ်ယောက်နဲ့မခြားပေ...။

အရာရာကိုထိတ်လန့်ကြောက်ရွံ့နေတဲ့အမူအရာကမျက်နှာတစ်ပြင်လုံးမှာထင်ဟက်နေသည်။ဒါ့အပြင်ဇောချွေးတွေကတစ်ကိုယ်လုံးမှာရေချိုးထားသလိုရွှဲ့နင့်နေကာ၊ပရမ်းပတာအသက်ရှူနှုန်းကြောင့်ရင်တစ်ခုလုံးကလှိုင်ကြက်ခွပ်လေးများလိုနိမ့်ချည်၊မြင့်ချည်ဖြစ်နေ၏။

စင်စစ် သူကတစ်စုံတစ်ယောက်ကြောင့်အခုလိုဖြစ်နေရခြင်းပင်...။

အနီးအနားမှာဘယ်သူမှမရှိလေတော့ကုတင်ပေါ်ကနေပြေး‌ဆင်းပြီးရှိသမျှအခန်းတွေကိုဖွင့်ကာသူလိုက်ရှာမိလေသည်။အဝတ်အစားဗီရိုတွေပါမကျန်အကုန်သူလိုက်ရှာမိသည်။အခုချိန်မှာသူ့စိတ်တို့ကလေပွေရိုင်းတစ်ခုလိုလှိုင်းထန်ကာရင်တစ်ခုလုံးကလည်းပေါက်ထွက်မတတ်အခုန်မြန်နေ၏။

ထိုတစ်‌စုံတစ်ယောက်ကိုသူတွေ့ရမှဖြစ်မည်။သူ့ဘဝကိုအိပ်မက်ဆိုးတွေနဲ့အတူယှဉ်တွဲပြီးမရှင်သန်ချင်တော့ပေ...။သူလွှတ်မြောက်ချင်လှပြီ...။အဲဒီအတွက်ထိုတစ်စုံတစ်ယောက်ကိုမတွေ့တွေ့အောင်သူရှာမှဖြစ်မည်။

အချိန်တစ်ခုကြာသည့်တိုင်အောင်လိုက်ရှာကြည့်ပေမယ့်ထိုတစ်စုံတစ်ယောက်ကိုသူဘယ်လိုမှရှာမတွေ့ပေ...။ထို့နောက်မှာတော့ရောက်တဲ့နေရာမှာပဲအရုပ်ကြိုးပြတ်သူထိုင်ချလိုက်မိလေသည်။စည်းချက်မဲ့နေတဲ့စိတ်တို့ကတဖြည်းဖြည်းနဲ့တည်ငြိမ်လာတဲ့အခါ'ထိုတစ်စုံတစ်ယောက်ကအစစ်အမှန်မဟုတ်ပဲပုံရိပ်ယောင်တစ်ခုသာဖြစ်ကြောင်း'သူနားလည်လိုက်မိသည်။

Kyar Yoe ( Completed )Where stories live. Discover now