အပိုင်း - ၃၀

1.8K 106 1
                                    

" အား..."

စူရှပြီးကျယ်လောင်လွန်းလှတဲ့အသံတစ်သံကြောင့်ဖျက်ခနဲ့သူလန့်နိုးသွားရသည်။နိုးနိုးချင်းအိပ်နေရာမှကမန်းကတန်းကုန်းရုန်းထကာပြတင်းပေါက်ဆီသူပြေးသွားလိုက်၏။အနားကိုရောက်တဲ့အခါလေနုအေးတို့ကြောင့်တဖျက်ဖျက်လူးလွန့်ကခုန်နေတဲ့လိုက်ကာစကိုအသာမ,ပြီးအပြင်ဘက်ကိုဝေဝဲ့ကာသူချောင်းကြည့်လိုက်မိသည်။

မည်းမှောင်ပြီတိတ်ဆိတ်လွန်းနေတဲ့ပတ်ဝန်းကျင်နဲ့တသောသောတိုက်ခတ်နေတဲ့ညလေအေးတို့ကသူကြားလိုက်ရတဲ့အသံနဲ့လားလားမျှမသက်ဆိုင်သလိုပင်...။ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီးသူ့စိတ်တွေဇဝေဇဝါဖြစ်သွားရလေသည်။

ခုနတုန်းကမချီမဆန့်အော်သံတစ်သံကိုပီပီသသသူကြားလိုက်ရတာပါ...။

သူ့လိုပဲဒီစံအိမ်ကြီးမှာရှိကြတဲ့လူတွေအားလုံးကလည်းထိုအသံကိုကြားကြမယ်လို့သူထင်သည်။အသံကဒီခြံဝန်းကျယ်ကြီးတစ်ခုလုံးကိုကြားစေဖို့လုံလောက်၏။သို့ပေမဲ့အံ့ဩဖို့ကောင်းတာကဒီစံအိမ်မှာရှိကြတဲ့ဘယ်သူတစ်ဦး၊တစ်ယောက်ကမှထိုအသံရဲ့ဇာစ်မြစ်ကိုမနည်းနာ၊မရှာဖွေကြပေ...။အချိန်တစ်ခုကြာသည့်တိုင်ပတ်ဝန်းကျင်တစ်ခွင်လုံးကတိတ်ဆိတ်ငြိမ်သက်နေဆဲသာ...။

အံ့ဩဖို့ကောင်းလိုက်ပါဘိ...။

ဒါမှမဟုတ်...။

အိပ်မက်တွေမက်ပြီးကြာမိကြားရာသူကြားလိုက်တာများလား...။

ပတ်ဝန်းကျင်အခြေအနေကိုကြည့်ခြင်းအားဖြင့်သူတွေးမိတဲ့အတွေးကသေချာဖို့ရာခိုင်နှုန်းများသည်။ထွေပြားနေတဲ့စိတ်အစုံကြောင့်ကြားလိုက်ရတဲ့အသံက'အိပ်မက်ထဲမှာလား၊အပြင်မှာလား'ဆိုတာဝေခွဲဖို့ခက်နေမိတာတော့အမှန်ပင်...။ထိုသို့မဟုတ်လည်းသူကြားလိုက်ရတဲ့အသံကတောထဲကသတ္တဝါတစ်ကောင်ကောင်ရဲ့အော်သံလည်းဖြစ်နိုင်၏။

ဇဝေဇဝါဖြစ်နေတဲ့စိတ်အစုံကြောင့်ဖရိုဖရဲဖြစ်နေတဲ့ဆံပင်တို့ကိုအားပါးတရသူဆွဲဖွပစ်လိုက်မိတော့၏။'အိပ်မက်လိုလို၊အပြင်မှာကြားလိုက်မိသလိုလို'ဖြစ်နေတဲ့အသံကိုအိပ်ရေးအပျက်ခံပြီးခွဲခြမ်းစိတ်ဖြာနေမိခြင်းပင်...။

Kyar Yoe ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin