အပိုင်း - ၂၂

1.7K 124 4
                                    

အရောင်တလက်လက်ထနေတဲ့နောက်ဆုံးပေါ်ဇိမ်ခံကားတစ်စီးကဂေဟာဝန်းထဲကိုရုတ်တရက်ဝင်ရောက်လာလေ၏။ထိုအခါဂေဟာဝန်းထဲမှာရှိကြတဲ့လူအားလုံးရဲ့အကြည့်တို့ကထိုကားဆီစုပြုံကျရောက်ကုန်ကြသည်။ထိုလူများထဲတွင်ဂေဟာမှူးဒေါ်လင်းလည်းတစ်ယောက်အပါအဝင်ဖြစ်၏။

‌ဒီလိုဇိမ်ခံကားမျိုးတွေကသူ(မ)တို့ဂေဟာဆီကိုအလှူလုပ်ဖို့အတွက်ဖြစ်စေ၊ဒါမှမဟုတ်ကလေးတွေအတွက်တစ်ခုခုလှူဒါန်းဖို့ဖြစ်စေမကြာခဏရောက်လာတတ်ကြ၏။ထို့ကြောင့်ဒီကားသည်လည်း'ဂေဟာမှာအလှူလုပ်ဖို့လာကြတဲ့အလှူရှင်တစ်ယောက်ယောက်ရဲ့ကားပဲဖြစ်ရမည်'ဟုဒေါ်လင်းမှတ်ယူလိုက်မိ၏။ဒေါ်လင်းလိုပဲကျန်တဲ့လူတွေအားလုံးကလည်းထိုသို့တွေးမိကြပုံပေါ်သည်။အားလုံးကထိုကားကိုတစ်ခဏသာစူးစမ်းပြီးလုပ်စရာရှိတာကိုဆက်ပြီးလုပ်ကိုင်ကုန်ကြ၏။

ကားပေါ်ကလူကိုမမြင်ခင်၊မတွေ့ခင်အထိဒေါ်လင်းကထိုသို့ပဲတွေးထင်နေမိခြင်းပင်...။သို့သော်ကားပေါ်ကနေမြင့်မာသောအရပ်အမောင်းနဲ့စမတ်ကျကျဝတ်ဆင်ထားတဲ့ခပ်ချောချောလူရွယ်တစ်ယောက်ဆင်းလာတဲ့အခါမှာတော့သူမရဲ့အတွေးတွေကလုံးဝကိုမှားနေကြောင်းဒေါ်လင်းသိလိုက်ရသည်။ထိုလူရွယ်ကိုတွေ့တယ်ဆိုရင်ပဲဒေါ်လင်းတစ်ယောက်လှုပ်လှုပ်ရှားရှားဖြစ်သွားရတော့သည်။ထို့နောက်ချက်ခြင်းပင်လုပ်နေတဲ့အလုပ်ကိုပစ်ချပြီးထိုလူအနားကိုအပြေးလေးဒေါ်လင်းလျှောက်သွားလိုက်၏။

အနားကိုရောက်သွားတဲ့အခါ...

" အန်တီကဘယ်သူများလဲလို့ကွယ်...မောင်သက္ကရာဇ်ထင်ထင်ဖြစ်နေတာကိုး..."

" လာမယ်ဆိုအန်တီ့ကိုကြိုပြောရောပေါ့ကွယ်...အန်တီတစ်ခုခုကြိုပြီးစီစဉ်ထားပေးလို့ရတာပေါ့..."

ဂေဟာရဲ့အဓိကအလှူရှင်ဖြစ်တဲ့အလျောက်ရာဇ်ရဲ့တည်ရှိမှုကဂေဟာမှူးကိုပင်ရိုကျိုးစေ၏။ငယ်ရွယ်ပြီးထက်မြက်လှတဲ့ ရာဇ် ကစီးပွားရေးလောကမှာလည်းဘုရင်တစ်ပါးလိုအရှိန်အဝါကြီးကြီးနဲ့မင်းမူနေသလို၊လူမူရေးနယ်ပယ်မှာလည်းလူအများရဲ့ရိုသေလေးစားခြင်းကိုအပြည့်အဝလက်ခံရရှိထားတဲ့လူတစ်ယောက်ဖြစ်သည်။ထိုသို့ကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံလှတဲ့ ရာဇ် ကဒီနယ်တစ်ကြောမှာရှိကြတဲ့ဂေဟာတွေအားလုံးကိုအဓိကကူညီထောက်ပံ့မှုပေးထား၏။

Kyar Yoe ( Completed )Onde histórias criam vida. Descubra agora