အပိုင်း - ၄၃

1.9K 100 2
                                    

အချိန်ကမနက်(၅)နာရီ...။

နှိုးစက်သံကမြည်ဟီးလာတဲ့အခါအိပ်ရာကနေသူထလိုက်၏။ပြီးနောက်တွန့်ကြေနေတဲ့အိပ်ရာခင်းကိုသိမ်းဆည်ပြုပြင်ပြီးတစ်ကိုယ်ရည်သန့်ရှင်းဖို့အတွက်ရေချိုးခန်းထဲကိုသူဝင်လိုက်၏။အားလုံးပြင်ဆင်ပြီးတဲ့အခါအခန်းထဲကနေသူထွက်လာခဲ့လိုက်သည်။

မနက်ဝေလီဝေလင်းအချိန်ဖြစ်တာကြောင့်စံအိမ်ကြီးတစ်ခုလုံးကမှောင်မည်းကာအပ်ကျသံပင်မကြားရလောက်အောင်ကိုတိတ်ဆိတ်ငြိမ်သတ်လို့နေ၏။စံအိမ်ကြီးထဲမှာသူနဲ့ဦးရာဇ်တို့နှစ်ယောက်တည်းသာနေ၏။ဘွားညိုကတော့စံအိမ်အနောက်ကအလုပ်သမားတန်းလျားမှာနေထိုင်လေသည်။

အလုပ်သမားတွေမရှိတော့တာကြောင့်'စံအိမ်ကြီးထဲမှာသူတို့နဲ့အတူလာနေလို့ရကြောင်း'ဦးရာဇ်ကပြောပေမယ့်ဘွားညိုကလက်မခံပေ...။'လွတ်လွတ်လပ်လပ်နေချင်လို့ပါ'ဆိုတဲ့အကြောင်းပြချက်နဲ့ထိုတန်းလျားမှာသူမဖာသာတစ်ယောက်တည်းနေထိုင်လေ၏။

'တစ်အိမ်တည်းမှာနှစ်ယောက်အတူနေကြသည်'ဆိုသော်ငြားနှစ်ယောက်လုံးကကိုယ့်ကမ္ဘာနဲ့ကိုယ်ရှင်သန်နေထိုင်ကြသည်။ဦးရာဇ်ကအပေါ်တစ်ထပ်လုံးကိုမင်းမူနေသလို၊သူကလည်းအောက်ထပ်တစ်ခုလုံးကိုပိုင်စိုးထား၏။အကြောင်းကိစ္စတစ်စုံတစ်ရာမရှိပဲနဲ့ဦးရာဇ်ကအောက်ထပ်ကိုဘယ်သောအခါမှဆင်းမလာတတ်ပေ...။သူကလည်းအရေးကြီးကိစ္စမှလွဲ၍အပေါ်ထပ်ကိုယောင်လို့တောင်ခြေဦးမလှည့်ခဲ့ပေ...။

စားချိန်၊သောက်ချိန်နဲ့ဦးရာဇ်ရဲ့ဝေယျာဝေစ္စကိုလုပ်ကိုင်ပေးရမယ့်အချိန်မျိုးတွေမှာတော့နှစ်ဦးသားကမျက်နှာချင်းဆိုင်ဖြစ်ကြ၏။ထိုအခိုက်အတန့်တွေမှာလည်းနှစ်ယောက်လုံးကစကားတစ်ခွန်းတစ်လေမှမဆိုဖြစ်ကြပေ...။

ဒါသည်နှစ်ဦးနှစ်ဖက်ကြေအေးပြီးနောက်ပိုင်းမှာဖြစ်တည်လာတဲ့သူတို့နှစ်ဦးကြားကအခြေအနေဖြစ်၏။ဒီလိုအခြေအနေကိုသူကတော့သဘောကျပေသည်။သူ့အနေနဲ့စိမ်းကားတဲ့ရပ်ဝန်းအောက်မှာအထီးကျန်မှုတွေကိုအဖော်ပြုပြီးဦးရာဇ်ကိုထာဝရရွံမုန်းသွားချင်၏။

Kyar Yoe ( Completed )Opowieści tętniące życiem. Odkryj je teraz