အပိုင်း - ၃၇

1.9K 106 9
                                    

" မ...မထိုက်..."

ထင်မှတ်မထားခြင်းတို့ကသူ့ကိုအသက်မဲ့နေတဲ့လူတစ်ယောက်လိုဖြစ်သွားစေသည်။အံ့ဩရလွန်းလို့မျက်ဝန်းအိမ်ထဲမှာရစ်ဝဲနေတဲ့မျက်ရည်ဥလေးများပင်တဖြည်းဖြည်းနဲ့ခမ်းခြောက်သွားကြကုန်သည်။

လူတစ်ယောက်ကိုညှာတာမှုကင်းမဲ့စွာတိရစ္ဆာန်တစ်ကောင်လိုသွေးအေးအေးနဲ့ရက်ရက်စက်စက်သတ်ဖြတ်လိုက်တဲ့လူသတ်သမားက မထိုက် တဲ့လား...။

အံ့လည်းအံ့ဩမိသလို၊မယုံကြည်နိုင်လည်းဖြစ်ရပါသည်။ထိုသို့မယုံကြည်နိုင်ခြင်း၊အံ့ဩခြင်းတို့ရဲ့အလယ်မှာမထိုက်ကိုကြည့်ပြီးသူကြက်သေသေနေမိ၏။

သူသိတဲ့ မထိုက် ကဒီလိုမဟုတ်ဘူးလေ...။

သူသိတဲ့ မထိုက် ကနွေးထွေးပြီးနှစ်လိုဖွယ်ကောင်းတဲ့အပြုံးတစ်ပွင့်ကိုနှုတ်ခမ်းထက်မှာအမြဲဆင်မြန်းထားတတ်တဲ့အမျိုးသမီးတစ်ယောက်...။

အားလုံးကိုကျောသား၊ရင်သားမခွဲခြားပဲတန်းတူ၊ရည်တူဆက်ဆံဖေးမ,ပေးတတ်တဲ့အမျိုးသမီးတစ်ယောက်...။

ပြီးတော့...။

အိန္ဒြေ၊သိက္ခာကြီးမားလွန်းလှတဲ့အမျိုးသမီးတစ်ယောက်...။

ဒီလိုကောင်းခြင်းအဖြာဖြာတွေနဲ့ပြီးပြည့်စုံနေတဲ့အမျိုးသမီးတစ်ယောက်ကဒီလိုရက်စက်ယုတ်မာတဲ့လုပ်ရပ်မျိုးကိုသွေးအေးအေးနဲ့လုပ်နိုင်သည်တဲ့လား...။

ဒါဆိုသူသိခဲ့တဲ့ မထိုက် ရဲ့ညင်သာသိမ်မွေ့မှုတွေကအလိမ်အညာတွေပေါ့...။

တကယ်မရှိပဲပုံရိပ်ယောင်တွေပေါ့...။

လုံးဝကိုထင်မှတ်မထားခဲ့ပေ...။

ပိရိသေသပ်လွန်းလှတဲ့ မထိုက် ရဲ့တစ်ဖက်ခြမ်းကမောင်ဖြစ်သူ ဦးရာဇ် နဲ့ထူးမခြားနားပင်...။ရက်စက်တတ်သည်။ယုတ်မာလွန်းသည်။

မထိုက် နဲ့ ရက်စက်ယုတ်မာမှု...။

စိတ်ကူးနဲ့တောင်တွေးကြည့်ပြီးပေါင်းစပ်ပေးလို့မရတဲ့အရာနှစ်ခုကတကယ့်လက်တွေ့မှာတော့ထပ်တူကျနေ၏။

ထိုအခိုက်...။

" ကျွီ...ကျွီ..."

အကောင်ငယ်လေးတွေရဲ့ဆူဆူညံညံအော်ဟစ်သံများကငြိမ်သတ်တိတ်ဆိတ်နေတဲ့ရပ်ဝန်းကိုဝါးမြိုလိုက်သည်။ထိုအသံကြောင့်ပဲအနည်ထိုင်နေတဲ့သူ့ရဲ့အသိစိတ်တို့ကပြန်လည်အသက်ဝင်ရုန်းကြွလာခဲ့တော့သည်။သတိပြန်ဝင်ဝင်ချင်းမထိုက်သတိမထားမိစေဖို့မှောင်ရိပ်ကျနေတဲ့နေရာကိုအသာလေးသူရွှေ့ထိုင်လိုက်၏။

Kyar Yoe ( Completed )Donde viven las historias. Descúbrelo ahora