အပိုင်း - ၁၁

3K 184 9
                                    

" ရှင့်ကိုလွမ်းတဲ့စိတ်တွေ..."

" အဟက်..."

မိန်းမပျိုလေးရဲ့စကားကိုယဇ်ကသဘောကျသလိုတစ်ချက်ရယ်သွေးသမ်းလိုက်၏။ထိုအခါမိန်းမပျိုလေးကစစ်မှန်ပြီးလေးနက်တဲ့သူမစကားကိုယဇ်ကမထီမဲ့မြင်ပျက်ရယ်ပြုလေတဲ့အတွက်ချိန်ရွယ်ထားတဲ့သေနတ်ကိုတင်းတင်း​ကြပ်ကြပ်ဆုပ်ကိုင်လိုက်လေသည်။စိတ်စေရာအတိုင်းခံစားချက်တို့ကဖြစ်တည်နေတာကြောင့်မိန်းမပျိုလေးရဲ့မျက်နှာထက်ကအပြုံးတို့သည်လည်းတစ်မဟုတ်ချင်းပျောက်ကွယ်သွားရတော့သည်။

မကုန်ဆုံးနိုင်သေးတဲ့အချစ်တစ်ခုအတွက်မာနတရားကိုဘေးချိတ်ပြီးထိုလူသားအအ‌ပေါ်ဤသို့၊ဤပုံဝန်ခံမိတဲ့သူ(မ)...။

ပြန်ရလိုက်တာကထိုလူသားရဲ့လှောင်ရိပ်သမ်းနေတဲ့ခပ်ထေ့ထေ့ရယ်သံတဲ့လား...။

နာကျင်စရာကောင်းလိုက်ပါဘိ...။ရှက်လည်းရှက်မိသည်။

အပြာရောင်ကောင်းကင်ကြီးထက်မှာအဆုံး၊အစမရှိလွင့်မြောနေတဲ့တိမ်တိုက်တွေအပေါ်ခဏတာသာယာမိသွားတဲ့သူ(မ)ကအရိပ်နေနေအခက်ချိုးချိုးဆိုသလိုကိုယ့်ကို​နေဒဏ်၊မိုးဒဏ်ကာကွယ်ပေးပြီးအေးမြခြင်းတို့ကိုသာပေးစွမ်းတဲ့အပင်အိုလေးရဲ့တန်ဖိုးကိုမေ့လျော့ခဲ့သည်။အပူဒဏ်ကိုမခံစားနိုင်တော့မှထိုအပင်လေးရဲ့တန်ဖိုးကိုသိမြင်လာခဲ့တဲ့သူမအနေနဲ့လွှတ်တဲ့ငါးကကြီးတယ်လို့ဆိုရပေမည်။မည်သို့ပင်ဆိုစေကာမူသူ(မ)သည်ဤလူသားအပေါ်အပြစ်တစ်ခုကျူးလွန်မိခဲ့တာကတော့သေရာပါအမှတ်အသားတစ်ခုလိုထင်ရှားလှသည်။

သူရဲ့အပြုအမူကြောင့်မိန်းခလေးကစိတ်ဆိုးသွားပုံရသည်။နှုတ်ခမ်းထက်မှာဆင်မြန်းထားတဲ့အပြုံးတုကိုတောင်ဆက်ပြီးဖွဲ့သီမထားနိုင်တော့တာပဲကြည့်...။တကယ်‌တော့အနာပေါ်တုတ်ကျသွားလေခြင်းပင်...။သူ(မ)နာကျင်နေသည်။မရည်ရွယ်သော်ငြားထိန်းချုပ်မရတဲ့စိတ်တို့ကြောင့်သူ့အနေနဲ့ရိုင်းသလိုဖြစ်သွားမိသည်။သို့ပေမယ့်လည်းမတတ်နိုင်ပေ...။ကြားလိုက်ရတဲ့စကားကိုကဒီကမ္ဘာပေါ်မှာအရယ်ရဆုံးပြတ်လုံးတစ်ခုလိုဖြစ်နေတော့သူရယ်မိတာတော့လွန်မယ်မထင်ပေ...။

Kyar Yoe ( Completed )Tempat cerita menjadi hidup. Temukan sekarang