အပိုင်း - ၄၀

1.9K 95 5
                                    

" ခဏလောက်နားပါဦးလား ကိုနေညို..."

" ဒါလေးကိုလက်စသတ်လိုက်ဦးမယ်...ပြီးမှပဲနားတော့မယ်..."

မျက်နှာကျက်မှာခိုတွယ်ကပ်ငြိနေတဲ့ပိုးချည်မျှင်အိမ်တို့ကိုရှင်းလင်းသုတ်သင်ဖို့အတွက်လှေကားပေါ်တက်ရင်းနဲ့ ယဇ် ကလှည့်ကာဆိုလိုက်သည်။အခန်းတစ်ခုလုံးကဖုန်မှုန့်တွေ၊ပိုချည်မျှင်အိမ်တို့နဲ့ပြည့်နှက်နေတာကြောင့်အတော့်ကိုရှင်းလင်းနေရ၏။

မသိရင်အခန်းကယိုယွင်းပျက်စီးနေတဲ့အိမ်ပျက်ကြီးတစ်လုံးလိုပင်...။

လူနေလို့သာတော်တော့သည်။လူနေတယ်ဆိုပေမဲ့လည်းနေတဲ့လူကခရီးသွားဧည့်သည်တစ်ယောက်နဲ့မခြားပေ...။အပြင်ကိုတစ်ခါထွက်သွားလေတိုင်းအခန်းကိုတစ်ပတ်တစ်ခါ၊တစ်လတစ်ခါမှသာပြန်ရောက်လာတတ်၏။ဒါကြောင့်လည်းအခန်းကလိုတာထက်ပိုပြီးညစ်ပတ်နေခြင်းပင်...။ပြီးတော့သူကသန့်ရှင်းရေးလုပ်ရမှာကိုအင်မတန်ပျင်းတဲ့လူတစ်ယောက်လည်းဖြစ်သည်။

လတ်တလောအခြေအနေအရဒီမှာနေဖို့ကလွဲပြီးသူတို့မှာအခြားရွေးချယ်စရာမရှိပေ...။သူသွားတတ်၊လာတတ်တဲ့နေရာအားလုံးကို ကိုရာဇ် ကသိထားတဲ့အတွက်အခြားတစ်နေရာကိုသာပြောင်းရွှေ့နေထိုင်လိုက်ရင်သူတို့နှစ်ယောက်လုံးကကိုယ့်သေတွင်းကိုကိုယ်တူးသလိုဖြစ်သွားလိမ့်မည်။ထို့ကြောင့်ဒီမှာပဲရေရှည်နေထိုင်လို့ရအောင်အခန်းတစ်ခုလုံးကိုအစ၊အဆုံးပြန်ပြီးပြုပြင်နေရ၏။

အခုသူတို့ရှိနေတဲ့နေရာကမြို့မကျ၊တောမကျတဲ့နယ်စွန်၊နယ်ဖျားလေးဖြစ်တဲ့အတွက် ကိုရာဇ် တို့အနေနဲ့သူတို့နှစ်ဦးကိုလွယ်လွယ်ကူကူရှာတွေ့နိုင်မှာမဟုတ်ပေ...။ဒီနေရာကသူတို့ကိုအချိန်တစ်ခုအထိလုံခြုံမှုပေးနိုင်သည်။သို့ပေမဲ့'သတိဆိုတာပိုတယ်၊လိုတယ်'မရှိတာကြောင့်စ,ရောက်လာတဲ့နေ့ကတည်းကနေစပြီးအခုချိန်အထိနှစ်ဦးသားအပြင်မထွက်ပဲအခန်းသာအောင်းနေခဲ့ကြသည်။အရေးကြီးကိစ္စရှိမှသာရုပ်ဖျက်ပြီးထွက်တတ်ကြ၏။

အခုဖြစ်နေတဲ့ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီးသူ့အနေနဲ့ကတော့ကြောက်လည်းမကြောက်မိသလို၊စိုးရိမ်စိတ်လည်းမဖြစ်မိပေ...။ကိုရာဇ် ကိုရင်ဆိုင်ဖို့သူ့မှာလုံလောက်တဲ့သတ္တိတွေအပြည့်အဝရှိ၏။သို့သော်ဘေးနားမှာတစ်ယောက်သောသူကရှိနေလေတော့စိတ်ရှိသလိုပြုမူလို့မရပေ...။အရာရာကိုချင့်ချိန်ပြီးနေထိုင်နေရ၏။

Kyar Yoe ( Completed )Donde viven las historias. Descúbrelo ahora