အပိုင်း - ၁

12.3K 472 19
                                    

အချိန်ကမွန်းတည့်(၁၂)နာရီ...။

ဆောင်းအကုန်၊နွေအကူးကာလတပေါင်းလရာသီဖြစ်တာနဲ့အညီနေကခြစ်ခြစ်တောက်ကိုပူနေသည်။အစွမ်းကုန်ထွန်းတောက်နေတဲ့နေမင်းကြီးကြောင့်ခပ်သောသောတိုက်ခတ်နေတဲ့လေပြေ၊လေညှင်းတို့သည်မအေးစိမ့်ပဲပူပြင်းလောင်မြှိုက်လို့နေ၏။ထိုသို့မလန်းဆန်တဲ့လေပူတွေရဲ့စေစားရာအတိုင်းပင်မြင့်ထက်ကနေဝေ့ဝဲ၊ကြွေဆင်းလာကြတဲ့ရော်ရွက်ဝါတို့မှာဖုန်ထူထူလမ်းမကြီးတစ်လျှောက်အစီ၊အရီသက်ဆင်းကြွေကျလို့နေကြသည်။

ထိုအခိုက်...။

" မြန်မြန်...ဟျောင့်...မြန်မြန်..."

ကျောကွဲမတတ်လောင်မြှိုက်လွန်းလှတဲ့အပူဒဏ်ကိုအံတုရင်းဖုန်ထူထူလမ်းမကြီးထက်မှာ‌ခြေဗလာနဲ့ပြေးလွှားနေကြတဲ့လူနှစ်ယောက်...။

ထိုလူနှစ်ယောက်ကဖြစ်သလိုလုပ်ထားတဲ့စောင်ပုခက်တစ်ခုကိုအရှေ့၊အနောက်ထမ်းထားကြ၏။ပုခက်ထဲမှာတော့လူတစ်ယောက်ရှိနေလေသည်။ထိုလူနှစ်ယောက်မှာတစ်ယောက်ကညိုမှောင်တဲ့အသား၊အရည်နဲ့ရှည်မျောမျောအရပ်၊အမောင်းကိုပိုင်ဆိုင်ထားပြီးနောက်တစ်ယောက်ကတော့ထိုလူနဲ့ဆန့်ကျင်ဘက်ပင်...။

သို့ပေမယ့်...။

တူညီတာတစ်ခုကတော့ထိုလူနှစ်ယောက်လုံးကအရောင်၊အဆင်းမရှိတော့တဲ့ဖာထေးရာဗရပွနဲ့မွဲညစ်ညစ်လုံချည်ကိုတိုတို၊တုတ်တုတ်ဝတ်ထားကြခြင်းပင်...။ပြီးတော့ထိုလူနှစ်ယောက်လုံးရဲ့မျက်နှာထက်မှာစိုးရိမ်၊ကြောင့်ကြနေမှုတို့ကလည်းအထင်သားပေါ်လွင်လို့နေ၏။အရှေ့ကလူခမျာပြေးရင်း၊လွှားရင်းနဲ့ပုခက်ထဲကလူကိုမကြာ၊ခဏလှည့်ကာကြည့်နေမိသလို၊အနောက်ကလူမှာလည်းခြေလှမ်းတွေကိုအရှိန်တင်ရင်းပင်ပုခက်ထဲကလူကိုအချိန်နဲ့အမျှကြည့်နေလေသည်။

ပူပြင်းလှတဲ့နေရောင်အောက်မှာပြေးလွှားနေရတဲ့အတွက်နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်ထက်မှာချွေးတွေကတရစပ်စီးကျနေကြသည်။ဒါ့အပြင်နေရဲ့အပူရှိန်ကြောင့်မျက်နှာတွေကလည်းအဆီပြန်ပြီးနီရဲလို့နေကြလေသည်။ပတ်ဝန်းကျင်အနေအထား၊ရာသီဥတုရဲ့အခြေ၊အနေကပင်ပန်းလှပေမယ့်ထိုလူနှစ်ယောက်ကတော့ထိုပင်ပန်းမှုတွေကိုလျစ်လျူရှုပြီးနေရာတစ်ခုဆီကိုသာအသည်းအသန်ဦးတည်ပြေးလွှာနေကြလေသည်။

Kyar Yoe ( Completed )Opowieści tętniące życiem. Odkryj je teraz