အပိုင်း - ၄၂

1.8K 105 2
                                    

သက္ကရာဇ်စံအိမ်...။

နီညိုရာင်အုတ်တံတိုင်းထက်မှာတစ်ခမ်းတနားမင်းမူနေတဲ့ဆိုင်းဘုတ်ငယ်လေးကိုကြည့်ပြီးသက်ပြင်းတစ်ချက်ကိုလေးလေးပင်ပင်သူချလိုက်မိသည်။'ဒီနေရာ၊ဒီရပ်ဝန်းကိုဘယ်သောအခါမှပြန်မလာတော့ဘူး'လို့ဆုံးဖြတ်ထားပေမဲ့မကုန်ဆုံးနိုင်တဲ့ရေစက်တို့ကြောင့်နောက်တစ်ကြိမ်ခြေချဖို့အကြောင်းဖန်လာပြန်လေပြီ...။ရှောင်လွှဲလို့မရနိုင်လေတော့ထိပ်တိုက်ရင်ဆိုင်ရုံသာရှိတော့၏။

ခြံထဲကိုမဝင်ခင်လှုပ်ရှားနေတဲ့စိတ်အစုံကိုတည်ငြိမ်သွားစေဖို့လက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ပြီးလေကိုဝဝလင်လင်ရှူရှိုက်လိုက်သည်။ထို့နောက်မှာတော့အချိန်အတော်ကြာလှုပ်ရှားခြင်းကင်းမဲ့နေတဲ့ခြေလှမ်းတို့ကိုနီညိုရောင်ခြံတံခါးကြီးဆီဦးတည်လျှောက်လှမ်းလိုက်၏။

မကြာခင်တစ်စုံတစ်ယောက်နဲ့သူရင်ဆိုင်ရပေမည်။ထိုအခိုက်အတန့်ကကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်လာမှာမဟုတ်မှန်းသူခံစားမိသည်။ထိုခံစားမှုကသူ့ရဲ့မသိစိတ်ထဲမှာစိုးရွံ့ခြင်းအဖြစ်မသိမသာလေးအသွင်ပြောင်းလဲဖြစ်တည်လို့နေလေသည်။စင်စစ်နတ်ဆိုးတစ်ကောင်ဖြစ်တဲ့ ဦးရာဇ် ကိုအမှန်တကယ်ပင်သူကြောက်မိပါသည်။

မတတ်နိုင်ပေ...။

ကြောက်နေရင်(၂)ခါသေရမည်။သူ(၂)ခါမသေဆုံးချင်ပေ...။ပြီးတော့သူ့လိုအင်ဆန္ဒမပါပဲနဲ့ပိုင်ဆိုင်ခဲ့ရတဲ့ရခဲ့သမျှအရာရာအတွက် ဦးရာဇ် ဆီကနေအကြွေးယူရပေဦးမည်။သူသေလို့မဖြစ်သေးပေ...။

'သူပြန်လာမယ်'ဆိုတာကို ဦးရာဇ် ကကြိုတွေးထားပုံရသည်။အမြဲတမ်းပိတ်ထားတတ်တဲ့ခြံတံခါးကြီးကဒီနေ့မှထူးထူးခြားခြားပွင့်နေလေ၏။ဦးရာဇ် ကတကယ့်ကိုပါးနပ်လွန်းသည်။ကိုနေညို့ကိုအမှုတွေဆင်ပြီးသက်ဆိုင်ရာလက်ထဲကိုအပ်၏။ပြီးတော့သူ့အတွက်ခြံတံခါးကိုဖွင့်ထားပေးသည်။

ဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ဦးရာဇ် ကသူ့နဲ့ပဲထိပ်တိုက်ရင်ဆိုင်ဖြေရှင်းချင်ပုံရသည်။ဒါကြောင့်လည်းအရာအားလုံးကိုအကွက်ကျကျစီစဉ်ပြီးသူ့ကိုဒီစံအိမ်ကြီးဆီနောက်တစ်ကြိမ်ခြေချ‌လာအောင်လုပ်ခဲ့ခြင်းပင်...။

Kyar Yoe ( Completed )Wo Geschichten leben. Entdecke jetzt