အပိုင်း - ၂၁

1.9K 108 4
                                    

" အန်တီလင်း..."

" ဟေ..."

သူမနာမည်ကိုလှမ်းခေါ်နေတဲ့ယဇ်ကြောင့်ဒေါ်လင်းကအလုပ်လုပ်နေရင်းတန်းလန်းအနောက်ကိုတစ်ချက်စောင်းငဲ့ကာကြည့်လိုက်၏။ထိုအခါအပင်တွေကိုရေလောင်းနေတဲ့ယဇ်ကလုပ်လက်စအလုပ်ကိုရပ်တန့်ပြီးသူမအနားဆီမယောင်မလည်နဲ့လျှောက်လာနေတာကိုဒေါ်လင်းတွေ့လိုက်ရသည်။အနားကိုရောက်တဲ့အခါယဇ်ကလွှတ်နေတဲ့ခုံတစ်လုံးမှာထိုင်ချလိုက်သည်။

ယဇ်ရဲ့ပုံစံကအကြောင်းအရာတစ်ခုကိုပြောချင်နေဟန်...။ထို့ကြောင့်သူမလည်းအလုပ်ကိုဖြည်းဖြည်းချင်းလုပ်ရင်းယဇ်ပြောလာမယ့်အကြောင်းအရာကိုနားစွင့်နေမိသည်။

သို့သော်...။

အချိန်တစ်ခုကြာတဲ့အထိယဇ်ကသူမမျှော်လင့်နေသလိုစကားတစ်ခွန်းမှဖွင့်ဟမလာခဲ့ပေ...။သို့နှင့်သူမလည်းဘာမှမပြောပဲနှုတ်ဆိတ်နေတဲ့ယဇ်ကိုဒုတိယအကြိမ်မြောက်စောင်းငဲ့ကာကြည့်လိုက်မိလေသည်။

လက်နှစ်ဖက်ကိုထွေးပိုက်ရင်းထိုင်နေတဲ့ယဇ်ကခုံပေါ်ကရေဘူးကိုအကြောင်းပြချက်မဲ့စွာတစ်စိုက်မတ်မတ်ငေးကြည့်နေ၏။သူမငေးကြည့်နေတာကိုပင်ယဇ်ကသတိမပြုမိပေ...။အကြည့်တို့ကရေသေတစ်ခုလိုတည်ငြိမ်နေပေမယ့်လည်းစိတ်အစုံကလေသင့်ရာပျံ့လွင့်နေပုံရသည်။အချိန်အနည်းငယ်ကြာတဲ့အခါမှာတော့မလှုပ်မယှက်ငြိမ်သက်နေတဲ့ယဇ်ကလှုပ်ရွရွဖြစ်လာခဲ့၏။

ယဇ်ရဲ့ပုံစံကဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်၊ပြတ်ပြတ်သားသားချလိုက်ဟန်...။ဦးခေါင်ထက်ကဆံနွယ်တိုလေးတွေကိုလက်တစ်ဖက်နဲ့ထိုဖွရင်းယဇ်ကသူမကိုလှမ်းကြည့်လာ၏။

" ကျွန်တော် အန်တီလင်းကိုတစ်ခုလောက်မေးချင်လို့..."

" ပြောလေ မောင်နေညို...ဘာများလဲ..."

" ဟို...ကြာရိုးအကြောင်းမေးချင်လို့ပါ..."

'ကြာရိုး'ဆိုတဲ့အမည်နာမကြောင့်ဟိုဟိုဒီဒီရွေ့လျားလှုပ်ရှားနေတဲ့ဒေါ်လင်းရဲ့လက်အစုံကအားကုန်သွားတဲ့အရုပ်တစ်ရုပ်လိုတိကနဲ့ရပ်တန့်သွားရတော့သည်။စကားလမ်းကြောင်းသင့်လို့ပြောဖြစ်ကြတာမျိုးမဟုတ်ပဲတကူတကကြီးလာမေးနေတဲ့ယဇ်ကိုဒေါ်လင်းကနာမလည်သလိုကြည့်ကာ...

Kyar Yoe ( Completed )Tempat cerita menjadi hidup. Temukan sekarang