အပိုင်း - ၃၈

1.8K 102 9
                                    

ပြတင်ပေါက်နေတစ်ဆင့်ဖြတ်သန်းတိုးဝင်လာတဲ့နေရောင်ခြည်အလင်းတန်းကသူ့ရဲ့မျက်နှာပေါ်ကိုတိုက်ရိုက်ဖြာကျလို့နေသည်။တဖြည်းဖြည်းပူပြင်းလာချိန်မှာတော့မှေးစက်နေတဲ့မျက်ဝန်းနှစ်ဖက်ကအလိုအလျောက်ပွင့်လေတော့သည်။နေရောင်ခြည်ရဲ့အပူဒဏ်ကြောင့်အိပ်စက်ခြင်းတို့ကအဝေးဆီကိုလွင့်စင်သွားရလေပြီ...။

သူဆက်ပြီးအိပ်လို့မရတော့ပေ...။

သို့နှင့်နိုးနိုးချင်းအခန်းပတ်ပတ်လည်ကိုဝေ့ဝဲကာသူစူးစမ်းလိုက်သည်။ထိုအခါမြင်တွေ့သမျှအရာအားလုံးကမှေးကျဉ်းနေတဲ့မျက်ဝန်းနှစ်ဖက်ကိုပြူးကျယ်သွားစေ၏။

သူဘယ်ကိုရောက်နေတာပါလိမ့်...။

သူအခုရောက်နေတဲ့အိမ်က ' လူတွေနေတဲ့အိမ် ' ဟုတ်ပါလေစ...။

ထိုသို့တွေးမိလိုက်တာကလည်းသူ့ရဲ့အလွန်တော့မဟုတ်ပေ...။အခုချိန်မှာသူရောက်ရှိနေတဲ့နေရာက'စာကလေးအသိုက်လား၊အမှိုက်ပုံလား'ဆိုတာဝေခွဲဖို့ခက်နေမိတာအမှန်ပင်...။

အိပ်နေတဲ့ကုတင်ကလွဲပြီးအခန်းတစ်ခုလုံးကဖုန်အလိပ်လိပ်တက်နေသည်။မျက်နှာကျက်ကလည်းအက်ကြောင်းရာတို့ထင်းနေကာနံရံဆေးသားတွေကအရောင်တွေပြယ်လွင့်လို့နေ၏။တစ်ချို့နေရာတွေမှာခြတွေတက်နေပြီးကြီးမားတဲ့အက်ကြောင်းရာတွေကထင်းနေပြန်လေသည်။

ထိုမျှတင်မကသေးပေ...။နေရောင်ခြည်ဖြတ်သန်းဝင်ရောက်လို့လာတဲ့ပြတင်းပေါက်ထက်မှာလည်းပိုးချည်မျှင်အိမ်များကသံဇကာပေါက်ကလေးများလိုခိုင်ခိုင်မာမာကိုယှက်သမ်းခိုတွဲနေပြန်လေသည်။

ပရိဘောဂပစ္စည်းဆိုလို့သူအိပ်နေတဲ့ကုတင်တစ်လုံးနဲ့အခန်းထောင့်မှာထောင်ထားတဲ့ဗီရိုအဟောင်းတစ်လုံးသာရှိလေသည်။အခန်းရဲ့အနေအထားကိုကြည့်ခြင်းအားဖြင့်'လူမနေတာအတော့်ကိုကြာနေပြီ'မှန်းသိသာလှသည်။ညတုန်းကစိတ်ရော၊ကိုယ်ပါထူပူနေတာကြောင့်ပတ်ဝန်းကျင်အခြေအနေကိုသတိမထားခဲ့မိပေ...။

ဖုန်မှုန့်တွေအလိပ်လိုက်ကပ်နေတဲ့ဒီအခန်းထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တဲ့ကိုယ့်ကိုကိုယ်ပဲအံ့ဩတကြီးဖြစ်မိသည်။သို့ပေမယ့်ညတုန်းကကိုနေညိုကသူ့အနားမှာအိပ်စက်ခဲ့သည်။ပြီးတော့ထိုအခိုက်အတန့်မှာကိုနေညိုကအရင်အတိုင်းသူ့ကိုရင်ခွင်ထဲဆွဲသွင်းကာတင်းတင်းကြပ်ကြပ်ကိုပွေ့ဖက်ထားလေသည်။ဒါကြောင့်ပဲဒီလိုနေရာမျိုးမှာသူ့အနေနဲ့နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နိုင်တာဖြစ်သည်။

Kyar Yoe ( Completed )حيث تعيش القصص. اكتشف الآن