အပိုင်း - ၂၇

1.6K 114 3
                                    

" မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်မယ်..."

ဆရာဝန်ရဲ့စကားသံအဆုံးလှုပ်ရှားနေတဲ့စိတ်အစုံကလှိုင်းထန်သွားရတော့သည်။ပုံမှန်မဟုတ်တဲ့စိတ်လှုပ်ရှားခြင်းတို့ကြောင့်နှလုံးခုန်သံကတစ်စ၊တစ်နဲ့ပြင်းထန်လို့လာ၏။ထိန်းချုပ်ဖို့ခက်တဲ့ထိုခံစားမှုများတည်ငြိမ်စေဖို့အတွက်ဆုပ်ကိုင်ထားတဲ့စောင်ဖျားလေးကိုတင်းတင်းကြပ်ကြပ်သူထွေးဆုပ်ထားမိသည်။

သို့သော်အချည်းနှီးသာ...။

ထိန်းချုပ်လေ၊ပိုပြီးပြင်ထန်လေမို့ခံစားနေရသမျှအရာအားလုံးကိုလျစ်လျူရှုပြီးမှောင်အတိကျနေတဲ့မျက်ဝန်းအိမ်နှစ်ဖက်ကိုဖြည်းဖြည်းချင်းသူဖွင့်လိုက်၏။အခုချိန်မှာစိတ်လှုပ်ရှားခြင်းတို့ကြောင့်သူ့ရဲ့အသက်ရှုနှုန်းကပုံမှန်ထက်ကိုမြန်ဆန်နေသည်။

" ဟုတ်ပြီ...ဖြည်းဖြည်းချင်းဖွင့်မယ်...အရမ်းကြီးစိတ်မလှုပ်ရှားနဲ့..."

" စိတ်ငြိမ်ငြိမ်ထား...သား ကြာရိုး..."

အားလုံးရဲ့သတိပေးစကားသံကသူ့စိတ်တွေပျံ့လွင့်မသွားစေဖို့အထောက်အကူဖြစ်စေသည်။ထိုအခိုက်မှေးကျဉ်းနေတဲ့မျက်ဝန်းတစ်စုံကတစ်စ၊တစ်စနဲ့ပွင့်အံသွားလေတဲ့အခါမှုန်ရီဝေဝါးလို့နေတဲ့အဖြူရောင်အလင်းတန်းများနဲ့ရင်ဆိုင်တွေ့ကြုံလိုက်ရတော့သည်။စူးရှလွန်းလှတဲ့ထိုအလင်တန်းကိုခံနိုင်ရည်မရှိတော့တဲ့အဆုံးမျက်ဝန်နှစ်ဖက်ကို‌ချက်ခြင်းသူပြန်ပိတ်ချပစ်လိုက်မိသည်။

" ဖြည်းဖြည်းချင်းပြန်ဖွင့်မယ်...အရမ်းကြီးစိတ်လှုပ်ရှားစရာမလိုဘူး..."

ဆရာဝန်ကဒုတိယအကြိမ်မြောက်သတိပေးစကားဆိုလာလေတဲ့အခါစောင်ဖျားလေးကိုထွေးဆုပ်ထားတဲ့သူ့လက်တွေကစိတ်လှုပ်ရှားခြင်းတို့ကြောင့်တုန်ရီအေးစက်လို့လာသည်။သူ့အနေနဲ့လက်တစ်ကမ်းအလိုမှာရှိနေပြီဖြစ်တဲ့မျှော်လင့်ချက်ရောင်ခြည်ကိုဖမ်းဆုပ်နိုင်ဖို့သတ္တိနည်းနေလို့မရပေ...။သူရဲရင့်ရပေမည်။

အတွေးတို့ကြောင့်တုန်ရီအေးစက်နေတဲ့လက်နှစ်ဖက်ကိုခပ်တင်းတင်းလေးသူဆုပ်လိုက်မိ၏။ပြီးနောက်ထိန်ချုပ်ဖို့ခက်နေတဲ့စိတ်အစုံကိုတည်ငြိမ်အောင်သူကြိုစားထိန်းချုပ်လိုက်သည်။ထို့နောက်မှာတော့အမှောင်တိကျနေတဲ့မျက်ဝန်းနှစ်ဖက်ကိုဖြည်းဖြည်းချင်းသူပြန်ဖွင့်လိုက်သည်။

Kyar Yoe ( Completed )Where stories live. Discover now