အပိုင်း - ၃၅

1.8K 131 1
                                    

ဒီနေ့ဦးရာဇ်ကပြည်ပကိုခရီးထွက်ဖို့ရှိသည်။ခရီးစဉ်က'တစ်ပတ်ခန့်ကြာမယ်'လို့လည်းဆိုလေသည်။ထိုသတင်းကိုကြားကြားချင်းသူ့မှာပျော်လွန်းလို့အချိန်အတော်ကြာတဲ့အထိအရူးတစ်ယောက်လိုခုန်ပေါက်ပစ်လိုက်မိသည်။

ဦးရာဇ်မရှိတဲ့အချိန်ကာလ(၁)ပတ်တာကသူ့အတွက်တော့နေရင်း၊ထိုင်ရင်းနဲ့အရှင်လတ်လတ်နတ်ပြည်ကိုရောက်သွားသလိုဖြစ်စေမှာအသေအချာပင်...။

သူပျော်နေမှာကိုသိလို့ဖြစ်မည်။ဦးရာဇ်ကသူမရှိတဲ့တစ်ပတ်အတွင်းသူ့အခန်းကိုပြောင်လက်နေအောင်သန့်ရှင်းထားဖို့မှာကြားလေ၏။သူပြန်လာတဲ့အခါပြောထားသလိုဖြစ်မနေခဲ့လျှင်'အပြစ်ပေးမယ်'လို့လည်းထပ်ဆောင်းပြောကြားလိုက်သေးသည်။ထိုအခါသူလည်းအပျော်လွန်တဲ့စိတ်ကြောင့်ဦးရာဇ်ကိုစိတ်လိုလက်ရပြုံးပြရင်းအားပါးတရခေါင်းငြိမ့်ပြလိုက်၏။

အပြစ်ပဲပေးပေး၊အချစ်ပဲပေးပေး...။

အခုချိန်မှာ'ဦးရာဇ်မရှိတဲ့တစ်ပတ်တာကိုအကျိုးရှိရှိဘယ်လိုအသုံးချရမလဲ'ဆိုတဲ့အတွေးကသာသူ့ခေါင်းထဲမှာကြီးစိုးလို့နေ၏။ထို့ကြောင့်ဦးရာဇ်ရဲ့စကားတွေကသူ့ကိုလုံးဝရင်မခုန်စေသလို၊စိတ်လည်းမဝင်စားပေ...။

မဖြစ်လာသေးတဲ့အရာကိုကြံဖန်ပြီးသာတွေးပူနေလျှင်အိပ်ရေးပျက်ပြီးအသက်တိုရုံသာရှိ၏။ထိုသို့အဖြစ်မခံနိုင်ပေ...။ဦးရာဇ်နဲ့ပတ်သတ်ပြီးနောက်ပိုင်းသူ့ဘဝကလမ်းဆုံးသွားလေပြီ...။တက်လမ်းလည်းမရှိတော့သလို၊ရှေ့ဆက်ရမဲ့အနာဂတ်ကလည်းဘယ်ဆီဘယ်ဝယ်မှန်းမသိတော့ပေ...။ဒီလိုအခြေအနေမျိုးမှာမှရခဲလှတဲ့အခွင့်အရေးကိုကောင်းကောင်းအသုံးမချလျှင်အသုံးမကျရာရောက်သွားပေလိမ့်မည်။

' ကြာရိုး ' ဆိုတဲ့သူကနောက်ထပ်ငတုံး၊ငအ,အဖြစ်မခံနိုင်တော့ပေ...။ရသမျှအခွင့်အရေးကိုအပြည့်အဝယူရင်းရှေ့ဆက်ရမဲ့အနာဂတ်ကိုဘောလုံးလေးလိုနေဖို့ဆုံးဖြတ်ထားလိုက်ပြီ...။

ထိုအလွန်ပျော်တဲ့စိတ်တို့ကြောင့်ပဲဒီနေ့မနက်မှာသူအစောကြီးနိုးလာ၏။နိုးနိုးချင်း'ဒီနေ့ဦးရာဇ်ခရီးသွားရမယ်'ဆိုတဲ့အကြောင်းကခေါင်းထဲကိုတိုးဝင်လာလေတော့ထိုင်းမှိုင်းနေတဲ့စိတ်အစုံကချက်ခြင်းဝါဂွမ်းစ,လေးတစ်ခုလိုပေါ့ပါးသွားရတော့သည်။ဦးရာဇ်ရဲ့တည်ရှိမှုကထိုမျှလောက်အထိသူ့ကိုရိုက်ခတ်စေပါသည်။

Kyar Yoe ( Completed )Donde viven las historias. Descúbrelo ahora