16

990 83 14
                                    

ငိုနေလောက်ပြီ.....
ဂျောင်ကု သူသိပါသည်။

သူ့လူသေးလေးက သူနဲ့အတူအိမ်ပြန်ချိန်အစား မယူမီနဲ့အတူ ပြန်လာတာမို့...
ဝမ်းနည်းနေတော့မှာ...

သူအိမ်ပြန်ရောက် / ရေမိုးချိုးပြီးတာနဲ့....
သူ့နှလုံးသားလေးအားသွားရောက်ချော့ရန်
ကြံရွယ်ထားပြီးသား....

ခုတော့ အခြေအနေက ဝရုန်းသုန်းကား....
အဲ့အကောင်ပေါက်က သူ့အိမ်အရင်လာမယ်လို့မှ မထင်ထားတာ။

နေ့လည်က လာမကြိုနဲ့တော့ အိမ်တန်းပြန်
ဆိုတာကို အတော် စကားနားထောင်သော
Jiminie..... ။

ခုနတွေ့လိုက်ရတာတော့ အိမ်အရင်ပြန်ပြီးမှ
သူ့ဆီလာတဲ့ပုံမပေါ်။
မဟုတ်မှ....သူ့ဆီအရင်အပြေးလာခဲ့တာလား။
Park Jimin ရာ......။

သူလည်းပဲ မျက်နှာလေးတွေ့ခြင်လှပြီမို့....
မြန်မြန်သွားတွေ့ခြင်လာပြီမို့....
မယူမီကိုတောင် မြန်မြန်ကားထွက်သွားအောင် ကောာင်းကောင်းပြန် လို့ပြောတာ
နှင်တဲ့သဘောသာ။

သူသိပါသည်။ သူ့လူလှလေးက မမယူမီနဲ့အပြိုင် ဂျစ်တိုက်နေသည်ဆိုတာ....

သူအော်မိလိုက်တာ.....အဲ့ချိန်စိတ်ထဲရှိခဲ့တာက သူတို့နားအရောက် ငေါ့တူးသလိုပြောလာတဲ့စကားကြောင့်....
တစ်ဖက်က သူ့နတ်သားလေးအပေါ်....
အထင်သေးသွားမှာကိုပင်။

ပတ်ဂျီမင်က အိန်ဂျယ်လေးပါ။
ဖော်ရွေသော ပြယုဂ်လေး.....
တစ်ပါးသူစိတ်ထဲ ငြိုငြင်စရာမဟုတ်ဘူး...

အလိုက်ကန်းဆိုးမသိတဲ့လူအဖြစ်....
လူမှုရေးမသိတတ်တဲ့လူအဖြစ်....
နဲနဲမှတောင် အထင်မခံစေခြင်တဲ့ စိတ်ပဲရှိခဲ့တာပါ။

တကယ်ဆို သူနောက်မှ....
မယူမီကွယ်ရာမှ ဆူခဲ့သင့်တာ။
သူ့နှလုံးသားလေးလည်း သူ့လို တစ်ပါးသူထက် သူ့ကို ဦးစားပေး​ခံခြင်မှာပဲ....

Park Jimin ခင်များက ပြိုင်ဘက်မရှိ
ထိပ်ဆုံးပဲလေ....ဂျွန်ဂျောင်ကု ကမ္ဘာမှာ။

နဲနဲတောင် ပြိုင်ဆိုင်စရာမလိုပဲ.....
တစ်ဦးတည်း ပန်းဝင်ပြီး ဆွတ်ခူးရမှာ....

မသိခဲ့ဘူးလားကွာ.....ခုလို
ထေ့ငေါ့လာတာ ကိုယ့်ကိုပါ
ဘယ်လိုမြင်နေတာလဲ....
ကိုယ်က Park Jimin ခင်များအတွက်...
စိတ်ချထားလို့မရတဲ့သူလား...ဟင်။

အချစ်က ဒီလိုလေး... < JK Love JM >CompletedWo Geschichten leben. Entdecke jetzt