9

1K 101 22
                                    


ဘုန်းကနဲ အသံကြားကာမှ ဂျီမင်လည်း ဘေးက သူနဲ့စကားပြောရပ်လိုက်ပြီး သူ့ရဲ့ပွပွဘက်သို့ ဦးတည်လိုက်ရတော့သည်။

" သောက်တော့မလား "

ပတ်ဂျီမင် ဟန်ပန် ဖော်ရွေသောအပြုံးနုတို့နဲ့
လှည့်မေးလိုက်သည်။
အင်း ပို၍တော့ ချိုမြနေမှာ အမှန် အပြုံးတွေက......

မျက်နှာမသာမယာဖြစ်နေသော ပွပွကြောင့်
ဂျီမင် သိပ်လည်း မဝံ့မရဲ ဖြစ်သွားသည်။

ပွပွနဲ့သူက ခင်ဖို့ရာ ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်နိုင်ပြီ မဟုတ်ဘူးလား?
ဟိုနေ့ကပင် သူနဲ့ခင်ဖို့ ခွင့်ပြုပေးခဲ့ပြီးပြီလေ။

ပွပွတောင်ပြောခဲ့သေး .......
/သူကလောဘကြီးတတ်တာမို့ သူနဲ့ခင်ရင်ပင်ပန်းမယ်တဲ့/

သူအကျေနပ်ကြီး ခေါင်းငြိမ့်ပြခဲ့တာပဲကို။
ခု သူ့ပွပွက သူ့ကို မနှစ်မြို့သလို ကြည့်နေပ့လား?

ဟူး....

လူတိုင်းရဲ့ ခင်မင်မှုတွေဖောသီနေပေမဲ့
ပွပွဆီကကျမှ ခက်ခဲလိုက်တာဆိုတာ....

ဂျောင်ကု သူ့ရှေ့ကနေ မသိရင် Drama ဇာတ်လိုက် အဆွေးသမားလို ချက်ချင်း
ညှိုးကျသွားတဲ့ မျက်နှာနဲ့ မျက်လုံးရွဲကြီးတွေကြောင့်
သူတောင်ကြောင်အမ်းအမ်းဖြစ်သွားသည်။

" ဟေ့ အပူသည်ရုပ်နဲ့ ဘောဖြစ်နာလားဟ "

" ခင်မယ်ပြောထားပြီး ဘာလို့ ငါ့ကို
မိုက်ကြည့်ကြည့်ရတာလဲဟင် "

ဟင်..... ဂျောင်ကု သူ့ရှေ့က အသေးလုံးလေး
ပြန်ပြောလာတဲ့စကားကြောင့် ခုနသူဘယ်လောက် မျက်လုံးမှာအားတွေထည့်ပြီး
လေဆာပစ်လိုက်သလဲ ပြန်ထိန်းလိုက်ရတော့သည်။

" အဟမ်း "

" ခုထုတ် "

" ဟမ် "

" မင်းပဲ ခုနက သောက်တော့မလားဆို ခုပေးတော့ "

သူပြောလိုက်ကာမှ ရှေ့ဘက်ပြန်လှည့်သွားပြီး သူပင်တိုင်ဗူးလေးအား သွားထုတ်လာသည်။ ပိုက်ပါတပ်ရက်သား။

သူအစက ကြုံရင်သာသောက်တတ်သည်။
နေ့တိုင်းတော့မသောက်ဖြစ်။အရမ်းကြိုက်လှတယ်လည်းမဟုတ်ပေ။

အချစ်က ဒီလိုလေး... < JK Love JM >CompletedDonde viven las historias. Descúbrelo ahora