26

973 83 12
                                    

ကျောပြင်ကျယ်ကြီးနား ခေါင်းလုံးလေးကပ်ကာ...ခါးပေါ်တွင်တော့ လက်လုံးပိစိလေး။

" ဟင့်....ငါမနေတတ်ဘူး...။ စိတ်ဆိုးပြေပါ
တော့နော်။ အထင်သေးခဲ့တာမဟုတ်ပဲ
ငါဝမ်းနည်းမိခဲ့လို့ပါ။မင်းက....
အင့် အီးဟီး... မင်းက ဘာလို့ မျက်လုံးတွေက
လျှောက်ကြည့်လဲ?..."

ဟင်း....အထင်လွှဲနိုင်တယ်ဆိုတာ...
သိပေမဲ့...သူချော့မော့မေးခဲ့ရမှာ။
ခုတော့ နှစ်ဦးလုံး နာကျင်ရတယ်...။
ကိုယ် မင်းကို...ပို အလိုလိုက်ပ့မယ် PJM...။
ဆိုးလာရင်လည်း အပစ်ပေးနည်းတွေ
ရှိပါတယ်....အခါတစ်ထောင်လောက်
နမ်းပြီးတော့ဖြစ်"...။ ဒါလည်း...
အပစ်ပေးနည်းပဲလေ...။

.......။

ဒီထက်ပိုပြီး မူပိုပြမနေနိုင်တော့....။
ရင်ခွင်ထဲ လာတိုးဝှေ့နေကတည်းက...
တိမ်ကင်းစင်သွားတဲ့ ကောင်းကင်လို
အကုန် ကြည်လင်နေပါပြီ။

အချော့ခံရတာကောင်းလို့....
ဆက်မှိန်းခံနေတာ..။
ခုတော့ မရတော့...သူ့အချစ်က
တအိအိနဲ့ ရှိုက်ငိုနေပြီ။

အချစ်ရှိရာ မျက်နှာလှည့်လာဖို့...
ခါးပေါ်က လက်လုံးအိလေးရဲ့
လက်တစ်ဆုပ်စာ လက်ကောက်ဝတ်လေးကို
ဆုပ်ကိုင်ကာ...ဒီဘက်လှည့်ရန်ရှိသေး...
ခါးကိုတင်း"ဖက်လာသည်။
အဖယ်မခံ...။
ရော်...ခက်ပြီ။

" မင်းရင်ခွင်သေးလေးထဲ ကိုယ်မှမဆံ့တာ...
ကိုယ့်ရင်ခွင်ထဲပဲ လာနေ..."

ထိုအခါမှ...

အချစ်ရှိရာ မျက်နှာမူတော့...
မျက်ရည်တွေ ပလပွနဲ့ ချစ်ရသူ...။

ကျစ်....

ငိုအောင်ထိ မူပိုပြမနေခဲ့သင့်ဘူး။
ခုတော့...သူ့ကလေးလေးပင်ပန်းနေရပြီ။
ကိုယ့်ကိုကို အားမရစွာ...စုပ်သပ်မိတော့...
ဆူထွက်လာတာ...

" စိတ်မရှည်တော့ဘူး....အင့်....ကြည့်ပ့လား"

" ဟာ...မဟုတ်ဘူးကွာ။ အချစ်ကို မဟုတ်ဘူးလေ"

ဒီလူမှာ ပျာယာတွေခတ်လို့။
လက်တစ်ဖက်ထဲနဲ့ နိုင်တဲ့ ခါးသိမ်လေးအား
သူ့ဘက်ကို ပိုဆွဲယူလိုက်ရသည်။

" မငိုနဲ့တော့ကွာ။ကိုယ်လည်းတောင်းပန်တယ်နော်။ စိတ်ဆိုးတာထက် ကိုယ်လည်း ဝမ်းနည်းနေမိလို့...။အချစ်က.. ကိုယ့်အပေါ်
ထင်ရက်လို့....။ကိုယ်သေချာပေါက်
ပြောနိုင်တာ တစ်ခုက...
ကိုယ်...အချစ်လက်ကို တွဲရမှာ...ရှက်နေတာ
လုံးဝမဟုတ်ခဲ့ဘူး။PJM ချစ်သူမို့
ကိုယ်ဘယ်လောက် ဂုဏ်ဆာပြခြင်နေလဲဆိုတာ မင်းမသိပါဘူးကွာ..."

အချစ်က ဒီလိုလေး... < JK Love JM >CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ