22

981 85 6
                                    

ဂျွန်ဂျောင်ကု တိုက်ခန်းမှာပဲ...
ညနေစာစားလိုက်သည်။
အိမ်မပြန်တော့...
ပေးမပြန်တာပဲ ဆိုရမလား...။
ပတ်ဂျီမင်တို့ ချောင်ပိတ်မိနေပြီ...။

ဝန်ခံစရာတစ်ခုရှိတယ်...။
သူအခု ဂျွန်ဂျောင်ကုအနားမှာပဲနေခြင်နေတယ်။
ပုန်းရှောင်နေသင့်ပေမဲ့....
နာကျင်ရသလောက်...ဥပေက္ခာ ပြုမယ်လို့
တွေးထားပေမဲ့....
သူခု အဲ့လိုမနေနိုင်။

မျက်ရည်တွေကို မြင်လိုက်ချိန်က
စိတ်ပျော့သွားခဲ့တာလား...
လက်မောင်းတွေကြား နစ်မြှုပ်နေခဲ့တုန်းကလား...
နှုတ်ခမ်းတွေကို ဝါးစားခံနေရတုန်းကလား...
အစိုင်အခဲလေးက မရှိတော့တာ မဟုတ်ပဲ။
နေရာရွေ့သွားတာလား...။

ဂျွန်ဂျောင်ကု အနားမှာပဲနေရင်း...
တကူးတက ...ထွက်ပြေးမနေတော့ဘူး။
သူမှ ဝေးဝေးမပြေးရက်တာ...
အနီးဆုံးက...အမှောင်ဆုံးပဲတဲ့။
ရှာမတွေ့တတ်ကြဘူးတဲ့။
အဲ့တော့...အနားမှာနေရင်းနဲ့ပဲ
တစ်မျိုး တစ်မည်ကြံရမည်ပေါ့။

>>>

စားပြီးသား ပန်းကန်တွေ ဆေးနေတုန်း...
ဂုတ်ပိုးပေါ် လေပူနွေးတစ်ခု လာထိခတ်သည်။
နှာခေါင်းကြီးကြီးကထွက်တဲ့...
နှုတ်ခမ်းပါးလေးက ထွက်တဲ့...
လေငွေ့တစ်ချို့...မွှေးညင်းလေးတွေအား
ထိစပ်သွားသည်။

လေငွေ့တင်မဟုတ်ပဲ...အသားစိုင်တွေကပါ..
ကျစ်....

" အငြိမ်နေစမ်း...ဒါဘာဖြစ်နေတာ "

လူကို ကပ်တွယ်နေတာ မသိရင် ကြင်စဦးလေးလို...ချစ်စ ခင်စ ကြည်နူးပြီး
မီးဖိုခန်းထဲ... Drama တွေထဲကလို
Love scene များရိုက်နေသည်
ထင်နေလားမသိ။
သူနဲ့ကိုက အတော်ပြေလည်နေတာဆိုတော့...

ခုအခြေအနေကဘာကြီးလဲ...
ပေါက်ကွဲပြီး...တစ်စစီပြန့်ကျဲကုန်မယ်
ထင်ခဲ့တာ...
မီးစာတစ်ခုကို..သေချာပေါက်
အရှို့ခံခဲ့ရသည်မလား...။
ခုများတော့....အက်ကြောင်းလေးလုပ်ကာမှ
ပိုပြီးတောင် ချစ်ခန်းဝင်သွားသလို...
တလွဲတွေများ...။
တွေ့ကြသေးတာပေါ့ ဂျွန်ဂျောင်ကု...။

မင်းတောင် မီးစာကို ချော့သိပ်ပြီး...
မသိခြင်ယောင်ဆောင်...
​မျောလိုက်နေသေးတာ...။
ငါလည်း မျောပြမယ်...

အချစ်က ဒီလိုလေး... < JK Love JM >CompletedOnde histórias criam vida. Descubra agora