18

920 86 7
                                    

ငါနေသားကျနေသလားဆို....
ဟင့်အင်းလို့ပဲဖြေမယ်။

အဆင်မပြေခဲ့ဘူး....
နားကိုက်စရာစကားတွေမကြားရလို့
သက်သာပေမဲ့....ထပ်တိုးလာမဲ့စကားတွေက
ဘာအကြောင်းတွေထူးသွားမလဲ?
သိခြင်ပြန်ရော....။
အတော်ခရီးရောက်နေခဲ့ပြီလား....
ရုံးတွင်းအတွဲလေးအဖြစ်.... ။

>>>>

" Jimina..... အတန်းထဲက ဖိုးပြုံးချိုလေး
ဘယ်သွား...."

ဂျီမင် သူ့ဘေးနားလာပြီး အကဲစမ်းသလို
လာမေးနေတဲ့ ဂျင်ကြောင့်
ခပ်ရေးရေးလေး ပြုံးမိပြန်သည်။
သူသိပါသည်။ ဂျင်က သူ့ကို
စိတ်ပူပြီး မချင့်မရဲ ဖြစ်နေသည်ဆိုတာ...။

" မင်းအဖေတစ်ယောက်လုံး မင်းရှေ့မှာလေ
သားကြီးရာ...."

" မင်းရုပ်လည်း ပြန်ကြည့်အုံးဟ....
လင်ပူမိနေတဲ့ မျက်ခွက်နဲ့...ခွီး "

" မင်း....ငါထိုးမှာနော် ဟေ့ရောင် "

" မင်းအားပိစိလေးနဲ့ ကြိမ်းမောင်းနေတာ
ကြောက်လက်ထှာ "

သူ့ကိုယ်သူ လက်နှစ်ဖက်ယှက်ပြီး
မြန်မာကားထဲက အနိုင်ကျင့်ခံရတော့မဲ့
ပုံစံဖမ်းနေတဲ့ ရှေ့က ဂျင်ကြောင့်
နှစ်ယောက်သား တယောာက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ရီမိကြသည်။

" ခုမှပဲ ရီတော့တယ်ကွာ....
မင်းမလည်း ငါအတည်မေးမယ်။
ဂျွန်ဂျောင်ကုနဲ့ အဆင်မပြေဘူးလား "

သူ့ရင်ထဲက ခံစားချက်တွေကို ရိပ်မိလို့များ
လာပြောနေသည်လား....

" ကဲ ငါ့ကိုမပြောလို့ မင်းဘယ်သူပြောမှာလဲ
ဟေ့ရောင် ပြောစမ်း....ခုလို
မထုံတက်တေးလုပ်နေမဲ့အစား
ဒါမင်းပုံစံမှမဟုတ်တာ....
တက်ကြွတဲ့ ဖိုးပြုံးချိုလေးမင်းက"

" ငါဘာပြုနေလို့လဲ....ဒီတိုင်း "

" ပြုတာတော့ တော်တော်ပြုတာလေ...
ငါခုနကပြောသလို လင်..."

" မင်းနော်.....ငါ ငါက
ရပ်နေပေးရုံပါ "

" ရှင်းရှင်းပြောစမ်း အကောင်ပေါက်ရာ "

" ဂျွန်ဂျောင်ကုဆီ တိုးမသွားတော့ပဲ
ငါ့နေရာလေးမှာပဲ ရပ်နေပေးတော့မှာလို့"

အချစ်က ဒီလိုလေး... < JK Love JM >CompletedМесто, где живут истории. Откройте их для себя