5

1.2K 106 2
                                    

" ဟီး "

လုပ်လာပြန်ပြီ။ ဒါဘာအချိုးလဲ? ဒီအသေးပုကောင်ကတော့....

ဂျောင်ကု သူ့ခုံဘက်လှည့်ကာ ပိုင်စိုးပိုင်နင်း
ခုံပေါ် မေးထောက်ပြီး သွားဖြီးလာပြနေတဲ့
တယောက်အား မျက်မှောင်ကုတ်ပြလိုက်သည်။

ဗူးလေးအားထုတ်ကာ သူ့ရှေ့တိုးပေးပြီး
စပ်ဖြီးဖြီးပြောလာတဲ့စကားက...

" မနေ့က ဘာအချိုးချိုးတာလဲ ဟင်"

ဘာ! ဒီကောင် အဲ့တာငါမေးရမဲ့စကားလေ။

" ပွပွ မနေ့ကပြောတဲ့စကားတွေသိပ်နားမလည်လို့ ဟီး "

ဟင်း ငါစိတ်ရှည်တယ်! ငါ့များ နွားပွဲစားထင်နေလားမသိ သွားတွေအကုန် လာဖြဲပြနေတာ...

ပြောနေရင်း မျက်နှာက လူနားအတင်းကပ်လာသည်လေ။ အဲ့လောက်ကပ်လာစရာလိုလား? ဒီအသေးပုတော့....

ဂျောင်ကု အဲ့အသေးကောင် နဖူးအား လက်ညှိုးနဲ့ ပြန်တွန်းထားပြီး.....

ဟမ်! နေပါအုံး။ ဒီကောင် ဘာ ငါ့ကိုများ
ဘာ ဘာ....ပွ ပွပွ! ဘောပဲဟ.....

ငါ့ဟာငါ နှာခေါင်းလေးနဲနဲပွတာ.... ဘောဖြစ်လား!

ဂျီမင် သူ့ရှေ့ကနေ မျက်မှောင်ကုပ်ပြနေတဲ့ သူ့ပွပွကို အရမ်းအသဲယားလာတာနဲ့...

မျက်နှာနား ပိုပိုသာသာတိုးပြီး ကပ်သွားလိုက်သည်။

အဟဲ.... ပိုမှုန်ကုပ်သွားပြီး လက်ညှိုးလေးနဲ့ ပြန်တွန်းနေရာကနေ..... မျက်ခုံးတွေအကုန်စုကြုံ့သွားပြီး သူ့ပွပွလေးက ပိုပွလာနေတာမို့.....အခြေအနေမဟန်ဘူးဆိုတာ ရိပ်မိလိုက်သည်။

ဟိုက်! သွားပြီ။ သတိလက်လွတ် ပွပွလို့ ခေါ်မိလိုက်သည်လေ။

ဒါမဲ့ ချစ်စနိုးနဲ့ ချစ်လို့ဟာ။

အဲ မဟုတ်သေးပါဘူး....ဒီတိုင်း ဒီတိုင်း....သဘောကျလို့ဟာ။

" ဟို ဟိုလေ ပွပွ အဲ ကုကု ငါ ငါကလေ
မင်းအဲ့လိုပွတာကိုလေ.... သိပ်သဘောကျတာပဲ "

ချီးပဲကွာ! ဒီကောင် ဘာစကားပြောတာလဲ!?

" ဟေ့ရောင် မင်း ....ငါ့ဟာငါ ပွတာ -ီးဖြစ်လား "

အချစ်က ဒီလိုလေး... < JK Love JM >CompletedDonde viven las historias. Descúbrelo ahora